ဇဏ်ခီနှင့် ပိုင်ဖြိုးသုတို့ပါဝင်သည့် ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပြသ

October 22, 2019

ဇဏ်ခီနှင့် ပိုင်ဖြိုးသုတို့ပါဝင်သည့် ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပြသ

ပရိသတ်အချစ်တော် မင်းသား ဇဏ်ခီနဲ့ မင်းသမီး အကယ်ဒမီ ပိုင်ဖြိုးသုတို့ ခေါင်းဆောင် ပါဝင်သရုပ်ဆောင်ထားတဲ့ Now & Ever ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲကို အောက်တိုဘာ ၂၁ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ ပြသခဲ့ပါတယ်။ ဒီကားကိုတော့ Central Base Productions က စီစဉ်ပြီး လူငယ်အမျိုးသမီးရုပ် ရှင်ဒါရိုက်တာ ခရစ္စတီးနားခီက သူ့ရဲ့ တတိယမြောက်ရုပ်ရှင်ကားအဖြစ် ရိုက်ကူးထားတာပါ။ ရုပ်ရှင်အမျိုးအစားကတော့ အချစ်ဒရာမာ ဇာတ်လမ်းတပုဒ် ဖြစ်ပြီး အတိတ်နဲ့ ပစ္စုပ္ပန်ကာလနှစ်ခုကို အမြဲတမ်း တတွဲတွဲပြသတဲ့ အချစ်တခု ရှင်သန်ဖို့ကို ကြိုးစားကြတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဒီကားထဲမှာ တခြားသရုပ်ဆောင်တွေအနေနဲ့ မင်းညို၊ ရဲနောင်ချို၊ ဂျူဂျူးကေနဲ့ ကလေးသရုပ်ဆောင် ဇူးဇူးဟန်နီထွေးတို့ကလည်း ပါဝင်ထားကြတာပါ။ ဒီရုပ်ရှင်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဇာတ်ကားထဲမှာ ပါဝင်အသုံးပြုထားတဲ့ ဂီတပိုင်းကိုတော့ ဇဏ်ခီက တာဝန်ယူထားတာဖြစ်ပါတယ်။ ထာဝရနှောင်ကြိုးရုပ်ရှင်ကားဟာ ရုံမတင်ခင်ကတည်းက လူအများ စိတ်ဝင်စားမှုမြင့်တက်နေတာဖြစ်ပြီး ဇာတ်ကားTeaser ဟာလည်း ထွက်ရှိပြီး နာရီပိုင်းအတွင်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သိန်းခွဲကျော်ရှိခဲ့ ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့  လာမယ့် အောက်တိုဘာ ၃၁ ရက်နေ့ နိုင်ငံတဝန်း ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသွားဖို့ ရှိနေပါတယ်။
2 years Ago
Up