ဇဏ်ခီ

September 7, 2018

ခီမောင်နှံ ရိုက်ကူးမည့် ရုပ်ရှင်ကားကြီးနှင့် ဇာတ်လမ်းတွဲများအတွက် သရုပ်ဆောင်သစ် ခေါ်ယူ

ခီမောင်နှံလို့ မြန်မာပရိသတ်တွေ သိကြတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ဇဏ်ခီတို့ ပုံဖော်ရိုက်ကူးမယ့် ရုပ်ရှင်ကား ၂ ကားနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်ချင်တဲ့ သရုပ်ဆောင်သစ်တွေကို Central Base Productions ကနေ လျှောက်လွှာတွေ ခေါ်ယူနေပါတယ်။ အမျိုးသားသရုပ်ဆောင်နဲ့ အမျိုးသမီး သရုပ်ဆောင်တွေအနေနဲ့ အသက်ကန့်သတ်ချက်မရှိဘဲ လျှောက်ထားနိုင်ပြီး ကလေးသရုပ်ဆောင်ကိုတော့ အသက် ၈ နှစ်ကနေ ၁၃ နှစ်ကြား အပိုင်းအခြားကို ခေါ်ယူနေတာပါ။ ၂၀၁၈/၂၀၁၉ ခုနှစ်အတွင်းမှာ ရိုက်ကူးမယ့် ရုပ်ရှင်ကား ၂ ကားကိုတော့ Now & Ever နဲ့ သီတာလို့ Central Base Productions ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ကြော်ငြာထားပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ လျှောက်လွှာကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်ပြီး Zayat Coworking Space, အမှတ် (76/A)၊ စက်မှု (၁) လမ်း၊ (၈) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ၀၉ ၉၇၄၅၄၇၆၇၃၊ ၀၉ ၇၉၂၂၃၄၄၁၂ တို့ဆီ ဆက်သွယ်ပေးပို့ရမှာပါ။ လျှောက်လွှာနဲ့အတူ လတ်တလော ရိုက်ကူးထားတဲ့ ပြင်ပရုပ်သွင်နဲ့ နီးစပ်မှုရှိတဲ့ (မျက်ကပ်မှန်ရောင်စုံ၊ မျက်တောင်တုတပ်ဆင်မထားတဲ့) မျက်နှာအလှ၊ ကိုယ်တပိုင်းနဲ့ တကိုယ်လုံးဓာတ်ပုံ ၃ ပုံ ပေးပို့ရမှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေကိုတော့ လာမယ့် စက်တင်ဘာ ၁၀ ရက်နေ့ကနေ ၂၁ ရက်နေ့ထိ မနက် ၉း၃၀ နာရီမှ ၁၂း၃၀ နာရီအတွင်း လက်ခံသွားမှာဖြစ်ပြီး လူကိုယ်တိုင် လာရောက်လျှောက်ထားတဲ့ လျှောက်လွှာတွေကိုပဲ လက်ခံစဉ်းစားပေးသွားမယ်လို့ ကြေညာထားပါတယ်။ လျှောက်လွှာတွေကိုတော့ အောက်မှာ ဖော်ပြပေးထားတဲ့ လင့်ခ်မှတဆင့် ဒေါင်းလုတ်ရယူနိုင်မှာ ဖြစ်ပါတယ်။ https://drive.google.com/file/d/14_oXV7bR3TAfwvZFsn_SQmRfS5yXhMzd/view
3 years Ago
Up