ဇင်းကျေးရွာ ရဲစခန်း

August 11, 2021

ကန့်ဘလူမြို့နယ်၊ ဇင်းကျေးရွာ ရဲစခန်း မီးလောင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဇင်းကျေးရွာမှာရှိတဲ့ နယ်မြေခံရဲစခန်းမှာ ဩဂုတ် ၁၀ ရက် ညနေ ၃ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရဲကင်းအဆောက်ဦတစ်လုံးနဲ့ အချုပ်ခန်း တစ်ခန်း မီးလောင်ပျက်စီးသွားပါတယ်။  

ပျူစောထီးတံဆိပ်အမှတ်အသားပါ ဆိုင်ကယ်တစ်စီးနဲ့ မီးလာရှို့သွားတာဖြစ်တယ်လို့ မီးလောင်တဲ့ ရဲစခန်းကို သွားရောက် မီးငြှိမ်းသတ်ခဲ့တဲ့ ဇင်းရွာသားတစ်ဦးက ပြောပါတယ်။ 

 “ မနက်ခင်း ၃ နာရီလောက်မှာ ဆိုင်ကယ်တွေနဲ့လာ မီးရှို့သွားတာဗျ။ ပျူစောထီးအဖွဲလို့ ကျနော်တပ်အပ်ပြောနိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့စီးလာတဲ့အဖွဲ့ထဲက ဆိုင်ကယ်တစ်စီးမှာ  ပျူစောထီးအမှတ်သားတံဆိပ် ကပ်ခွာကပ်ထားတာ ကျနော်မျက်စိနဲ့ တပ်အပ်မြင်လိုက်ရတာ။ သူတို့ပါးစပ်ကတော့ PDFကွ၊ ဘာအဖွဲ့ကွလို့ ကျနော်တို့ ရွာသားတွေ အထင်မြင်မှားအောင်၊ ကမ္ဘာ့အလည်PDFက အကြမ်းဖက်လုပ်ငန်းလုပ်‌နေ သယောင်၊ ပုံမှားလာရိုက်တာ။ PDFကဒါမျိုးလုပ်ငန်းတွေ ၊ ပြည်သူဒုက္ခရောက်မယ့် လုပ်ငန်းတွေ ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။” လို့ပြောပါတယ်။

မီးလောင်သွားတဲ့ ဇင်းရဲစခန်းဟာ မတ်လ ၅ ရက်နေ့ကတည်းက  ကန့်ဘလူမြို့ပေါ်ရှိ ရဲစခန်းကို  ပြောင်းရွေ့ထားတာကြောင့် လူသူတစ်ဦး တစ်ယောက်မှမရှိတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။

4 months Ago
Up