ဇင်ဘာဘွေနိုင်ငံမှ ရုပ်အဆိုးဆုံး အမျိုးသားပြိုင်ပွဲ

November 23, 2015

ဇင်ဘာဘွေနိုင်ငံမှ ရုပ်အဆိုးဆုံး အမျိုးသားပြိုင်ပွဲ (ရုပ်သံ)

ဇင်ဘာဘွေနိုင်ငံ မြို့တော် ဟာယာရေးမှာ ကျင်းပခဲ့တဲ့ ရုပ်အဆိုးဆုံး အမျိုးသားပြိုင်ပွဲမှာ အသက် ၄၂ နှစ်အရွယ် အမျိုးသားတဦးက အနိုင်ရခဲ့ပြီး ဆုငွေ အမေရိကန် ဒေါ်လာ ၅၀၀ ရရှိခဲ့ပါတယ်။ မေဆန်ဆီယာအမည်ရ အဲဒီအမျိုးသားဟာ အလုပ်လက်မဲ့တဦးဖြစ်ကာ သွားတော်တော်များများ ကျိုးနေခဲ့ပြီး တခြားပြိုင်ပွဲဝင် ၅ ဦးကို ဖြတ်ကျော်အနိုင်ရခဲ့တာလို့ စီစီတီဗွီသတင်းမှာ နိုဝင်ဘာ ၂၂ ရက်နေ့က ဖော်ပြပါတယ်။ “ခုလို ဆုရရှိတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့ နောက်ဆုံးအကြိမ်တုန်းက ကျနော် စတုတ္ထနေရာပဲ ရခဲ့တာပါ။ ကျနော့်ကို အသိအမှတ်ပြုပေးတဲ့ ဒိုင်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဆုချီးမြှင့်ပွဲအပြီးမှာ ဆီယာက သတင်းထောက်တွေကို ပြောပါတယ်။ ခုချီးမြှင့်တဲ့ ဆုငွေဟာ နိုင်ငံတွင်း အလုပ်လက်မဲ့ပြဿ    နာ ကြီးကြီးမားမား ရင်ဆိုင်နေရတဲ့ ဇင်ဘာဘွေနိုင်ငံမှာ များပြားတဲ့ပမာဏဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ ရုပ်အဆိုးဆုံးဆု ၃ ကြိမ် ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ၀ီလျံမက်စ်ဗင်နုက ခုပြိုင်ပွဲမှာ ဒုတိယနေရာနဲ့သာ ကျေနပ်လိုက်ရတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀၀ ရရှိခဲ့ပါတယ်။ သူက ခုလက်ရှိ ချန်ပီယံထက် ရုပ်ပိုဆိုးပြီး မရှုံးနိမ့်သင့်ဘူးလို့ ပြောခဲ့တာဖြစ်ပြီး ပွဲစီစဉ်သူတွေအနေနဲ့ မျှတမှုရှိဖို့အတွက် ဒိုင်အသစ်တွေ ထပ်ရှာရမယ်လို့ ဝေဖန်လိုက်တာပါ။ ရုပ်သံ - စီစီတီဗွီ
7 years Ago
Up