ဇင်ချန်ကိုကို

August 9, 2018

တန်းတက် ဝုဗ်အသင်း မန်စီးတီးကွင်းလယ်လူ ဇင်ချန်ကိုကို ခေါ်ယူရန် ပစ်မှတ်ထား

တန်းတက်​ ဝုဗ်​အသင်းအ​နေနဲ့ မန်​ချက်​စတာစီးတီးအသင်း ကွင်းလယ်​ကစားသမား ဇင်​ချန်​ကိုကို ​ပေါင်​ ၁၆ သန်း​လောက်​နဲ့​ ခေါ်ယူဖို့ ပစ်​မှတ်​ထား​နေပါတယ်​။ ဇင်​ချန်​ကိုရဲ့ အ​ပြောင်းအ​ရွှေ့က​တော့ မကြာခင်​မှာ အတည်​ပြု ထွက်​​ပေါ်လာဖို့ ရှိ​နေပြီး​ ဂွါဒီယိုလာကလည်း သူ့အ​နေနဲ့ ဒုတိယဦးစား​ပေး ကစားသမားတ​ဦး ဖြစ်​လို့ ​ရောင်းထုတ်​သွားဖွယ်​ ရှိနေပါတယ်​။ ဝုဗ်​အသင်းဟာ ပြီးခဲ့တဲ့ရက်​ကလည်း မစ်​ဒယ်​ဘ​ရော့ ကွင်းလယ်​လူ ထရာအို​ရေးကို ကလပ်​စံချိန်​တင်​​ ပြောင်း​ရွှေ့ကြေး ​ပေါင်သန်း ၂၀ နဲ့ ​ခေါ်ယူထားခဲ့ပါတယ်​။ ဝုဗ်​အသင်းဟာ ပရီးမီးယားလိဂ်​ကို ချန်​ပီယံရှစ် ပထမ​နေရာက​နေ တက်​လှမ်းလာတာဖြစ်​ပြီး​ ပွဲဦးထွက်​အဖြစ်​ အဲဗာတန်​အသင်းနဲ့ ယှဉ်​ပြိုင်​ကစားရမှာလည်း ဖြစ်​ပါတယ်​။
3 years Ago
Up