ဇက်ကူးတို့ဆိပ်

February 28, 2021

ဆန္ဒပြပြည်သူများ မပူးပေါင်းနိုင်ရန် မုံရွာ ဇက်ကူးတို့ဆိပ်များကို ရဲနှင့်တပ်က ပိတ်ဆို့

မုံရွာမြို့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက မြို့နယ်၊ ကျေးရွာတွေကနေ မုံရွာမြို့ပေါ်မှာရှိတဲ့ ပင်မသပိတ်စစ်ကြောင်းနဲ့ ပူးပေါင်းဖို့လာတဲ့ ပြည်သူတွေကို ဒီနေ့မနက်ပိုင်းက မြစ်ကူးမရအောင် စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဇက်ကူးတို့နဲ့ စက်လှေဂိတ်တွေကို ပိတ်လိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မုံရွာဘက် ဇက်ဆိပ်ကမ်းထိပ်မှာလည်း ရဲနဲ့ တပ်အင်အား နေရာယူထားတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဒါပေမယ့်လည်း မြစ်ကူးလာသူ ထောင်နဲ့ချီတဲ့ ပြည်သူအများပြားကတော့ မုံရွာမြို့က ဇက်ဆိပ်ကမ်းဘက် ရောက်ရှိလာကြတယ်လို့ ဆိုပါတယ်။

မုံရွာ‌မြို့မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း ရဲနဲ့ စစ်တပ်အင်အားအလုံးအရင်းနဲ့ ပင်မသပိတ်စစ်ကြောင်းကို ဖြိုခွင်းခဲ့တာကြောင့် ဖမ်းဆီးခံရသူ ရာနဲ့ချီရှိခဲ့သလို ဒဏ်ရာရသူအများပြားလည်း ရှိခဲ့ပါတယ်။

ရန်နိုင်စိုး

9 months Ago
Up