ဆန္ဒပြအလုပ်သမားများအပေါ် စွဲဆိုထားသည့်အမှုများတရားရုံး ပြန်ရုပ်သိမ်း

April 21, 2016

ဆန္ဒပြအလုပ်သမားများအပေါ် စွဲဆိုထားသည့်အမှုများတရားရုံး ပြန်ရုပ်သိမ်း

ရွှေပြည်သာ အလုပ်သမားသပိတ်မှာပါဝင်ဆန္ဒပြလို့ တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ရုန်းရင်းဆံခတ်မှု ပုဒ်မ ၁၄၇ တွေနဲ့ တရားစွဲဆိုခံထားရတဲ့အလုပ်သမား ၉ ဦးကို ရန်ကင်းမြို့နယ် တရားရုံးက ဒီကနေ့ အမှု ရုပ်သိမ်းပေးလိုက်ပါတယ်။ အကျဉ်းထောင်အပြင်ကနေ အမှုရင်ဆိုင်နေရတဲ့ ကိုဇာမဏီ၊ ကိုကျော်လင်းထွန်း (ခ) မိုးဟိန်း၊ ကိုပြည့်ဖြိုးအောင် (ခ) နောင်နောင်၊ ကိုမင်းဇော်ဋ္ဌေး၊ ကိုအောင်ကိုကို၊ မအေးစန္ဒာဝင်း၊ မယမင်း၊ မစန္ဒာမြင့်၊ မအေးမိုးခိုင်တို့ကို ဒီကနေ့ ရန်ကင်းမြို့နယ်တရားရုံးက နိုင်ငံတော်သမ္မတရုံးရဲ့ ညွန်ကြားချက်နဲ့ အမှုတွေ ရုပ်သိမ်းပေးခဲ့တာပါ။ သူတို့တွေဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၄ ရက်နေ့က ရွှေပြည်သာအလုပ်သမားသပိတ်မှာ ပါဝင်ခဲ့ပြီး အလုပ်သမားသပိတ်စစ်ကြောင်းထွက်စဉ် ရဲတပ်ဖွဲ့နဲ့ လက်ပတ်နီဝတ် စွမ်းအားရှင်တွေက အကြမ်းဖက် ဖမ်းဆီးခံရတဲ့သူတွေဖြစ်ပါတယ်။ အကြမ်းဖက်ဖမ်းခံခဲ့ရတဲ့ ကိုစိုင်း (ခ) ကျော်ဇောလင်း၊ ကိုကျော်ဇင်၊ ကိုမင်းလွင်ဦး၊ မစံပယ်တို့ ကတော့ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပါတယ်။ ဒါ့အပြင် အင်းစိန်ထောင်အတွင်း ထောင်ဒဏ်ကျခံခဲ့ရတဲ့ အလုပ်သမားအရေးကူညီဆောင်ရွက် သူ ကိုမျိုးမင်းမင်း၊ ကိုနိုင်ဋ္ဌေးလွင်၊ ကိုသူဇော်ကြည်ဝင်း၊ ကိုနိုင်ဇော်ကြည်ဝင်းတို့လည်း မြန်မာ နှစ်ဆန်းတစ်ရက်နေ့က နိုင်ငံတော်သမ္မတရဲ့ အမိန့်နဲ့ လွတ်လာခဲ့ပါတယ်။ ဒီနေ့မှာတော့ အပြင်ကနေ နိုင်ငံရေးအမှုနဲ့ ရင်ဆိုင်နေရသူတွေကို နိုင်ငံတော်သမ္မတရုံးရဲ့ ညွန်ကြားချက်နဲ့ အမှုတွေကနေ ရုပ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။
6 years Ago
Up