ဆန္ဒပြအမျိုးသမီး

July 5, 2018

အမေရိကန်တွင် လစ်ဘာတီရုပ်တုပေါ်တက် ဆန္ဒပြသည့် အမျိုးသမီး ဖမ်းဆီးခံရ

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်နိုင်ငံတွင်း ဝင်ရောက်လာသူတွေကို မိဘနဲ့ကလေး ခွဲပြီး ထိန်းသိမ်းထားတဲ့ မူဝါဒကို ဆန့်ကျင် ဆန္ဒပြတဲ့အနေနဲ့ နယူးယောက်မြို့မှာရှိတဲ့ လစ်ဘာတီရုပ်တုပေါ်တက်ပြီး ဆန္ဒပြသူ အမျိုးသမီးတဦးကို ရဲက ဖမ်းဆီးခဲ့ပါတယ်။ ဆန္ဒပြအမျိုးသမီးဟာ လစ်ဘာတီရုပ်တုရဲ့ ခြေထောက်နေရာနားမှာ ၄ နာရီကြာအောင် လမ်းလျှောက်နေခဲ့တာပါ။ အဲဒီအမျိုးသမီးက ခွဲထားတဲ့ မိဘနဲ့ ကလေးတွေကို ပြန်လည်ပေါင်းစည်းပေးမှသာ ရုပ်တုပေါ်ကနေ ပြန်ဆင်းလာမယ်လို့ ရဲတပ်ဖွဲ့ကို ပြောကြားခဲ့ပါသေးတယ်။ အဲဒီအမျိုးသမီးကို မလျော်မကန် ပြုမူနေထိုင်မှု၊ အခွင့်မရှိဘဲ နယ်မြေဖြတ်ကျော် သွားလာမှုတွေနဲ့ တရားစွဲဆိုထားတယ်လို့လည်း အမျိုးသားပန်းခြံဝန်ဆောင်မှုဌာန ပြောခွင့်ရသူက ပြောပါတယ်။ ဒီအမျိုးသမီးဟာ သမ္မတထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒကို ဆန့်ကျင်ဆန္ဒပြတဲ့ အုပ်စုထဲက တဦးဖြစ်တယ်လို့ ဒေသခံမီဒီယာမှာ သတင်းဖော်ပြပါတယ်။ အဲဒီ ဆန္ဒပြအုပ်စုဟာ လစ်ဘာတီရုပ်တုနားမှာ အစောပိုင်းက ဆန္ဒပြခဲ့ကြပြီး အဲဒီထဲက ၆ ဦးကို ရဲက ဖမ်းဆီးခဲ့တယ်လို့လည်း စီအန်အေသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up