စီရော်နယ်ဒိုအနေနဲ့ အခွန်ရှောင်တိမ်းတယ်လို့ စွပ်စွဲခံရမှုကြောင့် ရီးရဲလ်မက်ဒရစ် အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
စီရော်နယ်ဒိုအနေနဲ့ ၂၀၁၁ ကနေ ၂၀၁၄ ခုနှစ်အတွင်း ပေါင် ၁၃ သန်းခန့် အခွန်ထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး သူ့ဘက်က ငြင်းဆန်ထားပါတယ်။
ဒီလိုအခြေအနေကြောင့် စပိန်ကလပ် ရီးရဲလ်မက်ဒရစ်မှာ ဆက်ကစားဖို့ စီရော်နယ်ဒိုက စိတ်ပျက်နေပြီး အသင်းပြောင်းရွှေ့ ဖွယ်ရှိနေတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
အသက် ၃၂ နှစ်ရှိ စီရော်နယ်ဒိုဟာ ၂၀၀၉ ခုနှစ်က မန်ယူအသင်းကနေ ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး ၂၀၁၆ ခုနှစ်က ရီးရဲလ်မက်ဒရစ်နဲ့ ၅ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုထား ပါတယ်။
စီရော်နယ်ကို ခေါ်ယူဖို့ တရုတ်စူပါလိဂ်ကလပ်တွေက စိတ်ဝင်စားနေပေမယ့် သူ့ရဲ့အကြံ ပေးဖြစ်သူတွေက ဥရောပမှာပဲ ဆက်ကစားဖို့ အကြံပေးထားပြီး ပီအက်စ်ဂျီအသင်းနဲ့ ပရီးမီးယား လိဂ် ကလပ်တွေဆီ ပြောင်းရွှေ့ဖို့ အကြံပေးထားတယ်လို့သိရပါတယ်။
6 years Ago