ဆန္ဒထုတ်​​ဖော်

May 12, 2018

ကချင်​စစ်​ပွဲ ကရင်​နီပြည်​သူ​များ ကန့်​ကွက်​ဆန္ဒထုတ်​​ဖော်

  မြန်​မာ့တပ်​မ​တော်​က ကချင်​ပြည်​နယ်​ကို ထိုးစစ်​ဆင်​​နေတဲ့အ​ပေါ် ကရင်​နီပြည်​သူ​​တွေက ဒီက​နေ့ ကန့်​ကွက်​ဆန္ဒထုတ်​​ဖော်​​​နေကြပါတယ်​။ ဒီဆန္ဒထုတ်​​ဖော်​ပွဲမှာ ကရင်​နီပြည်​သူ ၂၀၀ ​လောက်​ပါဝင်​ပြီး ဒီး​မော့ဆိုမြို့က​နေ လွိုင်​​ကော်​မြို့​ပေါ်အထိ လမ်း​လျှောက်​ချီတက်​ ဆန္ဒထုတ်​​ဖော်​​နေကြတာပါ။ ဆန္ဒထုတ်​​ဖော်​ပွဲမှာ ပါဝင်​တဲ့ ကိုဖိလစ်​စိုး​အောင်​က “ကျ​နော်​တို့ အခုလို ဆန္ဒထုတ်​​ဖော်​တာဟာ ကရင်​နီပြည်​သူလူထု​တွေက လူသားချင်းစာနာ​ထောက်​ထားတဲ့အ​နေနဲ့ ပိတ်​မိ​နေတဲ့ ကချင်​ပြည်​သူ​တွေ လွတ်​​မြောက်​ဖို့ကို ကျ​နော်​တို့ လုပ်​ရှား​နေတာဖြစ်​ပါတယ်​။ ထိုနည်းလည်း​ကောင်းပဲ ကချင်​ပြည်​သူ လွတ်​​မြောက်ဖို့ လုပ်​ရှား​နေတဲ့ ကချင်​လူငယ်​​တွေ၊ မြန်​မာတနိုင်​ငံလုံးက လူငယ်​​တွေနဲ့ တ​သားတည်းရှိတယ်​ဆိုတာကို ကျ​နော်​တို့ ပြသတာပဲဖြစ်​ပါတယ်​။ ငြိမ်းချမ်း​ရေးလိုလားလို့ ကျ​နော်​တို့ ချီတက်​လမ်း​လျှာက်​တာဖြစ်​တယ်​” လို့ ​ပြောပါတယ်​။ ဒါ့အပြင်​ မြန်​မာ့တပ်​မ​တော်​ဟာ တိုင်းရင်းသား​ဒေသကို ထိုးစစ်​ဆင်​​နေတာ နှစ်​​ပေါင်း ၇၀ ​ကျော်​ရှိ​ ပြီဖြစ်​သလို ထိုးစစ်​​တွေ ရှိနေရင်​ ပြန်​လည်​ခုခံစစ်​​တွေ ရှိနေမှာဖြစ်​ပါတယ်​။ တိုက်​ပွဲ​တွေကြားမှာ ​မြေဇာပင်​​တွေဖြစ်​ရတာ ပြည်​သူ​တွေဖြစ်​ပါတယ်​လို့ ကိုဖိလစ်​စိုး​အောင်​က ​ပြောပါတယ်​။ ဆန္ဒထုတ်​​ဖော်​သူ​တွေက စစ်​ပွဲကြား ပိတ်​မိ ကချင်​ပြည်​သူများလွတ်​​​မြောက်​​ရေး၊ တပ်​မ​တော်​က ထိုးစစ်​ဆင်​​နေမှု အမြန်​ဆုံးရပ်​တန့်​ရေး၊ တရားစွဲဆိုခံထားရ​တဲ့ ​ကျောင်းသားလူငယ်​များလွတ်​​မြောက်​​ရေးစတာ​တွေကို ​တောင်းဆို​နေကြပါတယ်​။ လွိုင်​​ကော်​မြို့​ပေါ်မှာ​တော့ လွတ်​လပ်​​​ရေး​ကျောက်​တိုင်​အနီးနဲ့ ဗဟို​ဈေး​နေရာ​တွေမှာ ဆန္ဒထုတ်​​ဖော်​ ​ဟော​ပြောကြမှာ ဖြစ်​ပါတယ်​။ သတင်း၊ ဓာတ်​ပုံ - ခွန်းတူးတူး​လေး
3 years Ago

March 24, 2017

ငပလီကမ်းခြေရှိ အများပိုင်​​မြေကို ငှားရမ်းထားမှု ​ဖျက်​သိမ်း​ပေးရန် ဆန္ဒထုတ်​​ဖော်

ရခိုင်ပြည်နယ်၊ ငပလီမြို့၊ ငပလီကမ်းခြေ၊ ဇီးဖြူကုန်းရပ်ကွက်မှာရှိတဲ့ အများပိုင် မြေဧရိယာကို ကိုယ်ကျိုးအတွက် ငှားရမ်းရောင်းစားထားတာကြောင့် အရေးယူပေးဖို့နဲ့ ဖျက်သိမ်းပေးဖို့ ဒေသခံတွေ ဆန္ဒပြတောင်းဆိုလိုက်ပါတယ်။ မတ်လ ၂၄ ရက် နေ့လယ်ပိုင်းက ငပလီမြို့ဒေသခံ ၇၀ လောက်က အများပြည်သူပိုင်ဆိုင်တဲ့ မြေဧရိယာကို ကိုယ်ကျိုးအတွက် ငှားရမ်းရောင်းစားထားလို့ အရေးယူပေးဖို့နဲ့ ဖျက်သိမ်းပေးဖို့ အခုလို ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ဒီဆန္ဒထုတ်ဖော်မှုကို သံတွဲခရိုင်ငပလီမြို့ တောင်သူလယ်သမားသမဂ္ဂက ဦးဆောင်ပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒေသခံပြည်သူတွေ ဆန္ဒမပါဘဲ ဆောက်လုပ်ထားတဲ့ ပလပ်ဧရိယာအတွင်းရှိ ဆိုင်ခန်းတွေ ပြန်လည်ဖျက်သိမ်းရေး(ဒို့အရေး) ခရိုနီဝါဒ (အလိုမရှိ) ရေ (၁)ယူနစ် (၃၅)ကျပ် နှုန်းရရှိရေး (ဒို့အရေး) ဥပဒေနှင်အညီ လူ့အခွင့်အရေးရရှိရေး (ဒို့အရေး) စတဲ့ကြွေးကြော်သံတွေ ပိုစတာ၊ ဗွီနှိုင်း စတာတွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာပါ။ အဲဒီမြေဧရိယာကွင်းဟာ အရှည် ၁၉၀ အနံ ၁၂၅ ပေ ရှိပြီးတော့ အဲဒီမှာ ကလေးအားကစားကွင်း၊ ဘောလီဘော စတဲ့ ကစားကွင်းတခုဖြစ်ခဲ့ပြီး မကြာသေးခင်က သက်ဆိုင်ရာ တာဝန်ရှိသူတွေက အများပြည်သူ အပန်းဖြေနေရာ အဖြစ်ကို ပြောင်းလဲလွှဲအပ်ပေးတာပါ။ အခုလို ငှားရမ်းရောင်းစားထားတဲ့အပေါ် ပြည်နယ်အစိုးရ၊ ခရိုင်နဲ့ မြို့နယ် ထွေအုပ်တို့ကို လက်မှတ်ကောက်ခံပြီး တိုင်ကြားထားပေမယ့် ထူးခြားမှုတစုံတရာဖြစ်မလာလို့ အခုလိုအရေးယူပေးဖို့ ဆန္ဒပြတောင်းဆိုရတာလို့ ဆန္ဒပြဦးဆောင်သူတွေက ပြောပါတယ်။ သတင်း၊ ဓာတ်ပုံ-ဝဏ္ဏခွာညို
5 years Ago
Up