ဆနိုက်ဒါ

August 7, 2017

နယ်သာလန်ကွင်းလယ်လူ ဆနိုက်ဒါ ပြင်သစ်ကလပ် နိုက်စ်သို့ ပြောင်းရွှေ့

နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဆနိုက်ဒါဟာ ပြင်သစ်လီဂူးကလပ် နိုက်စ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားပါတယ်။ နိုက်စ်အသင်းက ကွင်းလယ်ကစားသမား ဆနိုက်ဒါ ရောက်ရှိလာပြီလို့ အတည်ပြု ထုတ်ပြန်ထားပါတယ်။ အသက် ၃၃ နှစ်အရွယ် ဆနိုက်ဒါဟာ တူရကီကလပ် ဂါလာတာစာရေးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတာပါ။ နိုက်စ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီ အပါအဝင် နာမည်ကြီး ကစားသမားတချို့ကို ခေါ်ယူအားဖြည့်ထားပါတယ်။ ဆနိုက်ဒါဟာ ၂၀၁၀ တုန်းက အသင်းဟောင်း အင်တာမီလန်နဲ့အတူ ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ သူဟာ နယ်သာလန် လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ အဓိက ကစားသမားအဖြစ်နဲ့ ပါဝင်ခဲ့ပါတယ်။ ဆနိုက်ဒါဟာ ကစားသမားဘဝကို နယ်သာလန်ကလပ် အေဂျက်မှာ စတင်ပြီး ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်နဲ့ ဂါလာတာစာရေးတို့မှာ ကစားခဲ့ပါတယ်။
4 years Ago
Up