ဆွဲထုတ်

A d v e r t i s e m e n t With Us

June 4, 2020

ဆန္ဒပြအမတ် ၂ ဦးကို ဟောင်ကောင်လွှတ်တော်ထဲမှ ဆွဲထုတ်

ဇွန်လ ၄ ရက်နေ့ ဟောင်ကောင်လွှတ်တော်မှာ ဒီမိုကရေစီလိုလားတဲ့ အမတ်နှစ်ဦးက တရုတ်ပြည်မကြီးရဲ့ တီယန်မင်ရင်ပြင် ဖြိုခွင်းမှု ၃၁ နှစ်ပြည့်မြောက်ကို ဆန္ဒပြခဲ့တာကြောင့် ရဲတွေနဲ့မီးသတ်သမားတွေက ထိန်းသိမ်းခေါ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်အမတ် အက်ဒီချူနဲ့ရေးချန်တို့ဟာ လွှတ်တော်တွင်းမှ် တရုတ်ပြည်မကြီးရဲ့ နိုင်ငံတော်သီချင်းကို မလေးမစားလုပ်ရင် ပြစ်မှုမြောက်မယ့်ဥပဒေကြမ်းကို ဆွေးနွေးစဉ်မှာ ဆန္ဒပြခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ သူတို့က ညစ်ပတ်တဲ့ အရည်တွေကို ဖြန်းပက်ဆန္ဒပြပြီး ကန့်ကွက်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။  မစ္စတာချူနဲ့ ချန်ကို လွှတ်တော်ထဲက ဆွဲမထုတ်ခင်မှာ ချုက လွန်ခဲ့တဲ့ ၃၁ နှစ်က ကိုယ့်ပြည်သူတွေကို ပြန်သတ်ခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီကို ဘယ်တော့မှ ခွင့်မလွှတ်သင့်ကြောင်း ပြောခဲ့ပါတယ်။  ဟောင်ကောင်လွှတ်တော်မှာ ပြဋ္ဌာန်းဖို့ ဆွေးနွေးနေတဲ့ ဒီဥပဒေကြမ်းအတည်ဖြစ်သွားခဲ့ရင် တရုတ်နိုင်ငံတော်သီချင်းကို မလေးမစားလုပ်သူ မည်သူမဆိုဟာ ထောင်ဒဏ် သုံးနှစ် သို့မဟုတ် ဒဏ်ငွေ ဟောင်ကောင်ဒေါ်လာ ငါးသောင်း(အမေရိကန်ဒေါ်လာ၆,၄၅၀) ပေးဆောင်ရမယ်လို့ သိရပါတယ်။
9 months Ago
Up