ကိုဗစ်-၁၉ ကပ်ရောဂါ စပေါ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တောင်ကိုရီးယား- တရုတ် အဆင့်အမြင့်ဆုံး ဆွေးနွေးပွဲတွေကို သြဂုတ် ၂၂ ရက်က စတင်လိုက်ပါတယ်။
ဘူဆန်ဆိပ်ကမ်းမြို့မှာ တောင်ကိုရီးယားအမျိုးသားလုံခြုံရေးအကြံပေးသစ် ဆူဟွန်းနဲ့ တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ယန်ကျီချီတို့ တွေ့ဆုံပြီး ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၊နှစ်နိုင်ငံဆက်ဆံရေးနဲ့ ကိုရီးယားကျွန်းဆွယ်အခြေအနေတို့ကို ဆွေးနွေးခဲ့ တယ်လို့ တောင်ကိုရီးယားအစိုးရက သတင်းထုတ်ပြန်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်နိုင်ငံအပြန်အလှန်ကိစ္စရပ်တွေကို လျှော့ချခဲ့ရပြီး မြောက်ကိုရီးယားပါဝင်တဲ့ နျူလက်နက်ဆွေးနွေးညှိနှိုင်းမှုတွေ ကြန့်ကြာခဲ့ပြီးနောက် အခုလို တောင်ကိုရီးယား-တရုတ်ဆွေးနွေးပွဲ ပြန်စခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင် ဆိုးလ်ကို လာရောက်ဖွယ်ရှိတဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့လည်း တောင်ကိုရီးယားသမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ်ကပြောဆိုပါတယ်။
တရုတ်သမ္မတ ရှီအနေနဲ့ တောင်ကိုရီးယားကို ဒီနှစ်အတွင်း လာရောက်မလားဆိုတဲ့ မေးခွန်းကိုတော့ တရုတ်သံတမန် ယန်က ပြန်မဖြေခဲ့ဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။
8 months Ago