ဆွေးနွေး

September 10, 2021

တရုတ်နှင့်အမေရိကန်သမ္မတတို့ အပြန်အလှန်ဆက်ဆံရေး ဆွေးနွေး

အမေရိကန်သမ္မတ Joseph R. Biden ဟာ သောကြာမနက်မှာ တရုတ်သမ္မတရှီကျင့်ဖျင်ဆီ တယ်လီဖုန်းခေါ်ဆိုခဲ့ပြီး ခေါင်းဆောင်နှစ်ဦးဟာ ပွင့်လင်းလေးနက်ပြီး ကျယ်ပြန့်တဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ အပြန်အလှန်ဆက်ဆံရေးနဲ့ သက်ဆိုင်ရာ အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်တွေ အပြန်အလှန် ဆွေးနွေး ဖလှယ်ခဲ့ကြပါတယ်။ 

ရှီကပြောကြားရာမှာ မကြာသေးမီက တရုတ်အပေါ်ထားရှိတဲ့ အမေရိကန်မူဝါဒတွေဟာ နှစ်နိုင်ငံဆက်ဆံရေးအတွက် ကြီးမားတဲ့ အခက်အခဲတွေ ဖြစ်ပေါ်စေခဲ့ပြီး ဒါဟာ နှစ်နိုင်ငံ ပြည်သူ တွေရဲ့ အခြေခံအကျိုးစီးပွားနဲ့ ကမ္ဘာ့ဘုံအကျိုးစီးပွားတို့ မကိုက်ညီဘူးလို့ ပြောကြားခဲ့ပါတယ်။ 

ဘိုင်ဒန်ကလည်း အမေရိကန်ဟာ တရုတ်နဲ့ ပိုမိုပွင့်လင်းပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေး မှုတွေလုပ်ဖို့ ဆန္ဒရှိကြောင်းနဲ့ အမေရိကန်-တရုတ်ဆက်ဆံရေး လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့ တွန်းအားပေးတဲ့အနေနဲ့ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အဓိကနဲ့ ဦးစားပေးနယ်ပယ်တွေ ကို ရှာဖွေပြီး နားလည်မှုလွဲမှားခြင်း၊ အထင်မှားခြင်း ဒါမှမဟုတ် ပဋိပက္ခတွေကို ရှောင်ရှားဖို့တွေကို ပြောသွားပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးနဲ့ နိုင်ငံတကာအရေးကိစ္စတွေအပေါ်မှာ တရုတ်နဲ့ အမေရိကန် ခေါင်းဆောင်တို့အကြားက နက်ရှိုင်းတဲ့ဆက်သွယ်မှုဟာ နှစ်နိုင်ငံဆက်ဆံရေးရဲ့ မှန်ကန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးကြီးတယ်ဆိုတာကို နှစ်ဖက်စလုံးက သဘောတူခဲ့ ကြပါတယ်။ 

ခေါင်းဆောင်တွေဟာ နည်းလမ်းများစွာကနေတဆင့် ပုံမှန်အဆက်အသွယ်တွေကို ထိန်းသိမ်းထားဖို့၊ သူတို့ရဲ့လုပ်ငန်းတွေကို အရှိန်မြှင့်တင်ပြီး ကျယ်ပြန့်တဲ့ တွေ့ဆုံဆွေးနွေးရေးကို အကောင်အထည်ဖော်ဖို့အတွက် နှစ်ဖက်စလုံးရဲ့ လုပ်ကိုင်ပုံအဆင့်တွေကို ညွှန်ပြပေးဖို့၊ ဒါမှသာ တရုတ်-အမေရိကန်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေး နိုင်မယ်ဆိုတာကို သဘောတူညီခဲ့ကြပါတယ်။

3 months Ago

June 17, 2021

အမေရိကန်-ရုရှား လက်နက်ထိန်းချုပ်ရေးနှင့် ဆိုင်ဘာလုံခြုံရေး တွေ့ဆုံဆွေးနွေး

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့  ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့ ဇွန် ၁၆ ရက်က အစည်းအဝေးအတွင်း လက်နက်ထိန်းချုပ်ရေးနဲ့ ဆိုင်ဘာလုံခြုံရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးရာမှာ တိုးတက်မှု နည်းနည်းနဲ့ မတူခြားနားမှုကြီးကြီးမားမားကို သူတို့ရဲ့ ပထမဆုံး ထိပ်သီးညီလာခံမှာ မှတ်တမ်းတင်ခဲ့ပြီး ဒါဟာ ချစ်ခင်ရင်းနှီးမှုထက် စာရင် လက်တွေ့ဆန်တယ်လို့ သမ္မတ နှစ်ဦးက  ရည်ညွှန်း ပြောဆိုခဲ့ကြပါတယ်။

ဘိုင်ဒင်ကတော့  အပြန်အလှန် အကျိုးစီးပွားနဲ့ ပတ်သက်ရင် ကျနော်တို့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိသင့်ပြီး လုပ်ဖို့လိုတဲ့အရာအတွက်  လုပ်ခဲ့တယ်လို့ ပူတင်ကို ပြောခဲ့တဲ့ အကြောင်း ပြန်ပြောပြပါတယ်။

ပူတင်ကတော့ အမေရိကန်နဲ့ အပြန်အလှန် ယုံကြည်မှုအတွက် မျှော်လင့်ချက် ပါးပါးကို မြင်ခဲ့ပေမဲ့ လက်နက်ဆိုင်ရာ သဘောတူညီချက်ကနေ နုတ်ထွက်ဖို့ အမေရိကန်ရဲ့ အကွက်ရွှေ့မှုက ခန့်မှန်းရခက်တယ်လို့ ဇွန် ၁၆ ရက်က အစည်းအဝေး အပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဘိုင်ဒင်ဟာ အပြုသဘောဆောင်ပြီး ဝါရင့်တဲ့ မိတ်ဘက်အဖြစ် ပူတင်က ရည်ညွှန်းခဲ့ပြီး ခေါင်းဆောင် ၂ ယောက်ဟာ ထိပ်သီးညီလာခံနဲ့ ပတ်သက်လို့ လေသံတူတယ်လို့ သူက ပြောခဲ့ သလို ဆွေးနွေးပွဲတွေဟာ လက်တွေ့ကျပြီး ကောင်းကျိုး များတယ်လို့လည်း ဆိုပေမဲ့ အမေရိကန်နဲ့ ဆက်ဆံရေးက တိုးတက်လာမလားဆိုတာ ပြောဖို့ ခက်တယ်လို့ ပူတင်က ပြောပါတယ်။

သတင်းစာ ရှင်းလင်းပွဲအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ထဲမှာတော့ တင်းမာနေတဲ့ အခြေအနေမှာတောင် တူညီတဲ့ ပန်းတိုင်တွေအတွက် တိုးတက်မှု ရအောင် လုပ်နိုင်ခဲ့တယ်ဆိုတာ အစည်းအဝေးက ပြသနေတယ်လို့ အမေရိကန်နဲ့ ရုရှားခေါင်းဆောင် ၂ယောက်စလုံးက ပြောခဲ့ကြပါတယ်။

6 months Ago
More News
Up