ဆွေးနွေသွားမည်

October 29, 2020

အနာဂတ် ပင်နယ်တီကန်သွင်းမည့်သူကိစ္စ ဆွေးနွေသွားမည်ဟု လမ်းပတ်ပြော

ဒီနေ့အစောပိုင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကွင်းလယ်လူ ဂျော်ဂျင်ဟို ပင်နယ်တီလွဲချော်ခဲ့တာကြောင့် နောင်လာမယ့်ပွဲစဉ်တွေမှာ ပင်နယ်တီ ဘယ်သူကန်မလဲဆိုတာကို ဆွေးနွေးသွားမယ်လို့ ချဲလ်ဆီးနည်းပြလမ်းပတ်က ပြောပါတယ်။  ဂျော်ဂျင်ဟိုဟာ ချဲလ်ဆီးအသင်းရဲ့ ပင်နယ်တီကန်သွင်းသူအဖြစ် တာဝန်ယူထားသူဖြစ်ပြီး ဒီရာသီမတိုင်ခင် ပင်နယ်တီတစ်လုံးသာ လွဲချော်ခဲ့ဖူးပါတယ်။  ဒါပေမယ့် အီတလီကွင်းလယ်လူဟာ အခုရာသီမှာ ကန်ခွင့်ရခဲ့တဲ့ ပင်နယ်တီ ၄ လုံးမှာ ၂ လုံးအထိ လွဲချော်ခဲ့ပြီး ဖြစ်ပါတယ်။ သူဟာ လီဗာပူးအသင်းနဲ့ လိဂ်ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့သလို Krasnador ပွဲမှာလည်း ထပ်မံလွဲချော်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ Krasnador နဲ့ပွဲမှာ ၄ ဂိုးပြတ် အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒုတိယအကြိမ် ပင်နယ်တီ ရရှိခဲ့ကာ ဒီပင်နယ်တီကို တိုက်စစ်မှူး ဗာနာက ဂိုးအဖြစ်ပြောင်းလဲပြီး အသင်းအတွက် ဒုတိယဂိုးဖြစ်စေခဲ့ပါတယ်။  ပွဲအပြီးမှာ ချဲလ်ဆီးနည်းပြ လမ်းပတ်က ကွင်းလယ်လူ ဂျော်ဂျင်ဟိုအပေါ် ယုံကြည်နေဆဲဖြစ်ပေမယ့် အသင်းမှာ ပင်နယ် တီကန်သွင်းသူအဖြစ် တာဝန်ယူနိုင်တဲ့သူ များစွာရှိနေတယ်ဆိုတာ နားလည်ထားတယ်လို့ ပြောပါတယ်။ “ဂျော်ဂျင်ဟိုဟာ သူ့ကစားသမားဘဝတစ်လျှောက် ပင်နယ်တီကန်သွင်းမှုမှာ မယုံကြည်နိုင်လောက်  အောင်ကိုအောင်မြင်မှုနှုန်းရှိသူပါ။ ကစားသမားတစ်ယောက်အနေနဲ့ ပင်နယ်တီတွေ ဆက်တိုက်ဆက်တိုက် ကန်သွင်းယူမှုလုပ်ဆောင်ရချိန်မှာ လွဲချော်မှုဆိုတာလည်း ရှိလာနိုင်ပါတယ်။ ကျနော်ကစားသမားဘဝကလည်း ဒီအခြေအနေမျိုးကြုံတွေ့ခဲ့ဖူးပါတယ်။ ကျနော်အနေနဲ့ ဂျော်ဂျင်ဟိုရဲ့ကန် သွင်းမှုပုံစံနဲ့ပတ်သတ်ပြီး ဘာပြဿနာမှမရှိပါဘူး။ ဗာနာဟာလည်း ပင်နယ်တီတွေ ကန်သွင်းနိုင်တဲ့ သူဆိုတာကို သိထားပါတယ်။ ဒါ့အပြင် တခြားကစားသမားတွေလည်း ရှိနေတာကြောင့် သူတို့နဲ့ စကားအရင်ပြောပြီး အဲ့ဒီနောက်မှာမှ ဘယ်သူနဲ့ရှေ့ဆက်သွားမလဲဆိုတာ ဆုံးဖြတ်သွားပါမယ်။” Krasnador နဲ့ပွဲစဉ်မှာ ချဲလ်ဆီးတိုက်စစ်မှူးအားလုံး ခြေစွမ်းပြနိုင်ခဲ့ကြပြီး ဗာနာ၊ ဇီယက်၊ ပူလီဆစ် နဲ့ အိုဒွိုင်းတို့အားလုံး ဂိုးသွင်းနိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် လူပြောများနေတဲ့ ချဲလ်ဆီးအသင်းရဲ့ ခံစစ်ဟာလည်း ဒီပွဲမှာ clean sheet ရရှိအောင် ထပ်မံစွမ်းဆောင်နိုင်ခဲ့ပါတယ်။
1 year Ago
Up