ဆွေးနွေ

A d v e r t i s e m e n t With Us

September 10, 2020

ဘာစီလိုနာ အပြောင်းအရွှေ့ကိစ္စ နည်းပြကလော့ပ်နှင့် ဝီနယ်ဒမ်း ဆွေးနွေးမည်

လီဗာပူးကွင်းလယ်လူ ဝီနယ်ဒမ်းဟာ ဘာစီလိုနာ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး နည်းပြ ဂျာဂန်ကလော့နဲ့ ဆွေးနွေးမယ်လို့ သိရပါတယ်။  ဟော်လန်ကွင်းလယ်လူ ဝီနယ်ဒမ်းကို ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ခေါ်ယူ လိုနေ တာဖြစ်ပါတယ်။  ဝီနယ်ဒမ်းဟာ နိုင်ငံ့လက်ရွေးစင်အသင်းကနေ အသင်းကို ပြန်လည်ရောက်ရှိချိန်မှာ နည်းပြ ကလော့ပ်နဲ့ ဆွေးနွေးဖို့ရှိတယ်လို့  ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့ပါတယ်။ လီဗာပူးအသင်းကတော့ ဝီနယ်ဒမ်းကို လက်လွှတ်ရမယ်ဆိုရင် ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာကို ခေါ်ယူနိုင် အာရုံစိုက်လုပ်ဆောင်မယ်လို့ သိရပါတယ်။  အသက် ၂၉ နှစ်ရှိ ဝီနယ်ဒမ်းဟာ အသင်းနဲ့စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။  ၂၀၁၆ ခုနှစ်က နယူးကာဆယ်ကနေ ပြောင်းရွှေ့လာတဲ့ ဝီနယ်ဒမ်းဟာ လီဗာပူးအတွက် စုစုပေါင်း ၁၈၇ ပွဲကစားခဲ့ပြီး ၁၉ ဂိုး သွင်းယူထားပါတယ်။ 
6 months Ago

August 24, 2020

၈ သင်း ရှုံးထွက်စနစ်ပုံစံ အနာဂတ်တွင် ဆက်လက်ကျင်းပရန် ဆွေးနွေးမည်

ကွာတားဖိုင်နယ်ကစပြီး ၈ သင်းရှုံးထွက်စနစ်နဲ့ တစ်ကျော့တည်းယှဉ်ပြိုင်ရတဲ့ပုံစံကို အနာဂတ်မှာလည်း အသုံးပြုဖို့ရှိတယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အလက်စန္ဒား ဆက်ဖာရင်က ပြောလိုက်ပါတယ်။  အခုနှစ် ဥရောပပြိုင်ပွဲ ၂ ရပ်ဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကွာတားဖိုင်နယ်ကစပြီး တစ်ကျော့တည်းနဲ့ယှဉ်ပြိုင်ကစားခဲ့တာပါ။  အဲဒီလို တစ်ကျော့တည်းစနစ်နဲ့ကျင်းပဖို့ မဖြစ်မနေ စီစဉ်ခဲ့ရပေမဲ့ အဆုံးသတ်မှာတော့ စိတ်လှုပ်ရှားစရာ ပြိုင်ပွဲတစ်ရပ်ဖန်တီးနိုင်ခဲ့တယ်လို့ ဆက်ဖာရင်ကပြောပါတယ်။  ဒါကြောင့် လာမယ့်နှစ်တွေမှာ ဒီလိုပြိုင်ပွဲပုံစံကို ဆက်လက်ကျင်းပနိုင်ဖို့ ဆွေးနွေးမယ်လို့ သိရပါတယ်။  တဖက်မှာတော့ ပွဲစဉ်တွေ နည်းသွားတဲ့အတွက် ရုပ်သံကုမ္ပဏီတွေနဲ့ ဆွေးနွေးဖို့လည်း လိုအပ်တယ်လို့ ဥရောပဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆက်ဖာရင်က ပြောပါတယ်။
6 months Ago
More News
Up