ဆွီဒင်တော်ဝင်မင်းသား

November 27, 2020

ဆွီဒင်တော်ဝင်မင်းသား ကားလ်ဖိလစ်နှင့်ဇနီးဖြစ်သူ ကိုဗစ်-၁၉ ကူးစက်ခံရ

ဆွီဒင်တော်ဝင်မင်းသား ကားလ်ဖိလစ်နဲ့ ဇနီး တော်ဝင်မင်းသမီး ဆိုဖီယာတို့ဟာ ကိုဗစ်-၁၉ ကူးစက်ခံရတယ်လို့ ဆွီဒင်ဘုရင့်နန်းတော်က နိုဝင်ဘာလ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။  တော်ဝင်မင်းသား ဖိလစ်နဲ့ မင်းသမီး ဆိုဖီယာတို့ နှစ်ယောက်စလုံး ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့လည်း ဘုရင့်နန်းတော်က ထုတ်ပြန်ပါတယ်။  ဒါ့အပြင် ဆွီဒင်ဘုရင် ကားလ်ဂုစတပ် ၁၆၊ မိဖုရား ဆီဗီယာ၊ မင်းသား ဖိလစ်ရဲ့ အစ်မတော် အိမ်ရှေ့စံမင်းသမီး ဗစ်တိုးရီးယားနဲ့ ခင်ပွန်းမင်းသား ဒန်နီယယ်တို့ကိုလည်း ကိုဗစ်-၁၉ ကူးစက်တာ ရှိ မရှိ စစ်ဆေးသွားမယ်လို့ နန်းတော်က ကြေညာပါတယ်။  တော်ဝင်မင်းသား ဖိလစ်ဟာ ဆွီဒင်နန်းမွေကို ဆက်ခံမယ့် စတုတ္ထနေရာမှာ ရှိပါတယ်။   ဥရောပမြောက်ပိုင်း ဆွီဒင်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သူ ၂၃၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၆,၆၀၀ ကျော် ရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက်အရ သိရပါတယ်။  
5 months Ago
Up