ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ ကာလမှာ ဆွီဒင်တော်ဝင်မင်းသမီး ဆိုဖီယာက ဆေးရုံတရုံမှာ အကူအညီ ပေးသွားမယ်လို့ သိရပါတယ်။
အသက် ၃၅ နှစ်အရွယ် မင်းသမီး ဆိုဖီယာဟာ ဆေးဘက်နဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ ကူညီပေးသွားမှာပါ။
လူမှု ကွန်ရက်အင်စတာဂရမ်မှာ ဆိုဖီယာက သူ ထောက်ပံ့ကူညီနေတဲ့ ဆိုဖီယာဟမ်းမက် ဆေးရုံမှာ သင်တန်း ၃ ရက် တက်ရောက်ခဲ့တယ်လို့ ရေးသားခဲ့တာပါ။
ဆွီဒင်မင်းသမီး ဆိုဖီယာက သာမန်ဆေးရုံဝန်ထမ်းတွေ၊ ကိုရိုနာဗိုင်းရပ်စ်ကုသရေး လုပ်ဆောင်နေချိန်မှာ သူက လူနာပြုစုနေတဲ့ ဆေးရုံဝန်ထမ်းတွေနဲ့ သန့်ရှင်းရေး ဝန်ထမ်းတွေကို ကူညီပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
ဧပြီ ၁၇ ရက် Worldometer ဝက်ဘ်ဆိုက် ဖော်ပြချက်အရ ဆွီဒင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၃, ၀၀၀- ကျော်ရှိပြီး သေဆုံးသူ ၁,၄၀၀ ရှိတယ်လို့ သိရပါတယ်။
11 months Ago