ဆွီဒင်တိုက်စစ်မှူး

November 28, 2019

အီဗရာဟီမိုဗစ်  ဆွီဒင်ကလပ် ဟမ်မာဘီအသင်းသို့ ပြောင်းရွှေ့

ဝါရင့် ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ  ဆွီဒင်ကလပ် ဟမ်မာဘီအသင်းကို ပြောင်းရွှေ့သွားခဲ့သလို ကလပ်အသင်းကို ပူးတွဲပိုင်ဆိုင်သူလည်းဖြစ်လာပါတယ်။ စီးရီးအေထိပ်သီးအသင်းတွေနဲ့ စပါးအသင်းတို့က ခေါ်ယူမယ့်လို့ သတင်းတွေထွက်နေပေမယ့် အင်စတာဂရမ်စာမျက်နှာမှာ သူတင်ခဲ့တဲ့ ပိုစ့်အတိုင်း အမှန်တကယ်ပဲ ဟမ်မာဘီအသင်းကို ပြောင်းရွှေ့သွားခဲ့တာပါ။  အသက် ၃၈ နှစ်အရွယ် မိုဗစ်ကတော့ မေဂျာလိဂ်မှာ ၅၈ ပွဲ ကစားပြီး ၅၃ ဂိုး သွင်းယူပေးထားနိုင်ခဲ့လို့ အသက်အရွယ်နဲ့မလိုက်တဲ့ ကြံ့ခိုင်မှုနဲ့ စွမ်းဆောင်ရည်တို့ကို ပြသထားပါတယ်။ မိုဗစ်အနေနဲ့ ကစားသမားဘဝအစက ဟမ်မာဘီအသင်းရဲ့ ပြိုင်ဘက် မလ်မိုအသင်းမှာကစားခဲ့ဖူးပြီး‌တော့ အခုလိုမထင်မှတ်တဲ့ အပြောင်းအရွှေ့ ဖြစ်ခဲ့တာကတော့ ဟမ်မာဘီအသင်းနဲ့ကပိုပြီး‌စိတ်လှုပ်ရှားရသလိုပျော်ဖို့လည်းကောင်းတာကြောင့် ဖြစ်တယ်လို့ မိုဗစ်က ပြောကြားသွားခဲ့ပါတယ်။
2 years Ago

November 27, 2019

၃၈ နှစ်အရွယ် ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို ထိပ်သီးအသင်းများ မျက်စိကျနေဆဲ

အသက် ၃၈ နှစ်အရွယ် ဝါရင့်ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို ဥရောပ ထိပ်သီးအသင်းကြီး အတော်များများက မျက်စိကျနေဆဲ ဖြစ်ပေမယ့် အင်စတာဂရမ်မှာ တင်ခဲ့တဲ့သူ့ရဲ့ ပိုစ့်ကတော့ အဲဒီအသင်းတွေအားလုံးရဲ့  မျှော်လင့်ချက်ကိုတော့ ပျက်ပြယ်စေခဲ့ပါတယ်။  အတိအလင်း ထုတ်ကြေညာခြင်း မရှိသေးဘူး ဆိုပေမယ့်လည်း မိုဗစ်ကတော့ အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် ဆွီဒင်ကလပ် ဟမ်မာဘီအသင်း ဂျာဆီ နောက်ကျောမှာ သူ့ရဲ့နာမည်နဲ့ ပိုစ့်တင်ခဲ့တာ ဖြစ်ပါတယ်။  မီလန်မြို့ခံနှစ်သင်း အပါအဝင် အီတလီစီးရီးအေကလပ် အတော်များများက ခေါ်ယူဖို့ ပြင်ဆင်နေခဲ့ပေမယ့် မိုဗစ်ကတော့ မထင်မှတ်ဘဲ ဆွီဒင်ကလပ်ကိုပဲ ရွေးချယ်သွားဖွယ် ရှိနေပါတယ်။  ဥရောပအောင်မြင်မှုကလွဲလို့ ကလပ်အသင်းကြီး တော်တော်များများအတွက် ပြည်တွင်းဆုဖလား အောင်မြင်မှုအများဆုံး ရယူထားခဲ့တဲ့ မိုဗစ်ကတော့ အသက်နဲ့မလိုက်တဲ့ ခြေစွမ်းတွေ ပြသသွားဖို့ ယုံကြည်မှုအပြည့်ရှိနေဆဲ ဖြစ်ပါတယ်။
2 years Ago
Up