ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဆွီဒင် ဆယ်ကျော်သက် ဂရီသာ သန်းဘတ်ဟာ စက်တင်ဘာ ၂၅ ရက်က ဆွီဒင်နိုင်ငံရဲ့ နိုဘယ်ဆုအဖြစ်တင်စားခေါ်ဝေါ်တဲ့ ၂၀၁၉ သမ္မာအာဇီဝဆုကို ရရှိသွားပါတယ်။
စက်တင်ဘာ ၂၃ ရက်က ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ရာသီဥတုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ ဂရီသာက ရာသီဥတုဆိုင်ရာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်တဲ့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေကို ပြစ်တင် ရှုတ်ချခဲ့ပါတယ်။
ဂရီသာဟာ လွန်ခဲ့တဲ့ တနှစ်လောက်က ဆွီဒင် ပါလီမန်အပြင်ဘက်မှာ သီတင်းပတ်တိုင်း တကိုယ်တော် ဆန္ဒပြပွဲတွေကို စတင်ပြုလုပ်ခဲ့ပါတယ်။
အဲဒီနောက် သူ့ကို အားကျပြီး ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ ကမ္ဘာတဝန်းက သန်းနဲ့ချီတဲ့ လူငယ်တွဟာ လမ်းပေါ်ထွက်ပြီး ထိပ်သီးဆွေးနွေးပွဲ တက်ရောက်တဲ့ အစိုးရတွေကို ရာသီဥတုနဲ့ ပတ်သက်လို့ အရေးတကြီး ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဂရီသာဟာ သိပ္ပံဆိုင်ရာ အချက်အလက်တွေကို အားပြုပြီး ရာသီဥတုဆိုင်ရာ အရေးတကြီး ဆောင်ရွက်ဖို့ နှိုးဆော်တိုက်တွန်းတဲ့အတွက် ဒီဆုကို ရခဲ့တာဖြစ်တယ်လို့ ဖောင်ဒေးရှင်း အုပ်ချုပ်မှု ဒါရိုက်တာက ပြောပါတယ်။
ဆွီဒင်ဆယ်ကျော်သက် ဂရီသာဟာ ၂၀၁၉ သမ္မာအာဇီဝဆုကို ဘရာဇီးဌာနေ တိုင်းရင်းသား အကြီးအကဲ၊ တရုတ်အမျိုးသမီး အခွင့်အရေးရှေ့နေ၊ အနောက်ဆာဟာရ လူ့အခွင့်အရေး လှုပ်ရှားသူတို့နဲ့အတူ ရရှိပြီး သူတို့လေးယောက်ဟာ ဆုကြေးငွေ ဆွီဒင် ခရိုနာငွေ တသန်းစီ ရရှိမှာဖြစ်ပါတယ်။
===============================
ဆြီဒင္ဆယ္ေက်ာ္သက္ ဂရီသာသန္းဘတ္ သမၼာအာဇီဝဆုရရွိ
DVB
ရာသီဥတုေျပာင္းလဲျခင္းဆိုင္ရာ တက္ႂကြလႈပ္ရွားသူ ဆြီဒင္ ဆယ္ေက်ာ္သက္ ဂရီသာ သန္းဘတ္ဟာ စက္တင္ဘာ ၂၅ ရက္က ဆြီဒင္ႏိုင္ငံရဲ႕ ႏိုဘယ္ဆုအျဖစ္တင္စားေခၚေဝၚတဲ့ ၂၀၁၉ သမၼာအာဇီဝဆုကို ရရွိသြားပါတယ္။
စက္တင္ဘာ ၂၃ ရက္က ကုလသမဂၢဌာနခ်ဳပ္မွာ ျပဳလုပ္တဲ့ ရာသီဥတုဆိုင္ရာ ထိပ္သီးေဆြးေႏြးပြဲမွာ ဂရီသာက ရာသီဥတုဆိုင္ရာ ျပႆနာေတြကို ကိုင္တြယ္ေျဖရွင္းဖို႔ ပ်က္ကြက္တဲ့အတြက္ ကမာၻ႔ေခါင္းေဆာင္ေတြကို ျပစ္တင္ ရႈတ္ခ်ခဲ့ပါတယ္။
ဂရီသာဟာ လြန္ခဲ့တဲ့ တႏွစ္ေလာက္က ဆြီဒင္ ပါလီမန္အျပင္ဘက္မွာ သီတင္းပတ္တိုင္း တကိုယ္ေတာ္ ဆႏၵျပပြဲေတြကို စတင္ျပဳလုပ္ခဲ့ပါတယ္။
အဲဒီေနာက္ သူ႔ကို အားက်ၿပီး ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာေတာ့ ကမာၻတဝန္းက သန္းနဲ႔ခ်ီတဲ့ လူငယ္တြဟာ လမ္းေပၚထြက္ၿပီး ထိပ္သီးေဆြးေႏြးပြဲ တက္ေရာက္တဲ့ အစိုးရေတြကို ရာသီဥတုနဲ႔ ပတ္သက္လို႔ အေရးတႀကီး ေဆာင္႐ြက္ဖို႔ တိုက္တြန္းခဲ့ပါတယ္။
ဂရီသာဟာ သိပၸံဆိုင္ရာ အခ်က္အလက္ေတြကို အားျပဳၿပီး ရာသီဥတုဆိုင္ရာ အေရးတႀကီး ေဆာင္႐ြက္ဖို႔ ႏႈိးေဆာ္တိုက္တြန္းတဲ့အတြက္ ဒီဆုကို ရခဲ့တာျဖစ္တယ္လို႔ ေဖာင္ေဒးရွင္း အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာက ေျပာပါတယ္။
ဆြီဒင္ဆယ္ေက်ာ္သက္ ဂရီသာဟာ ၂၀၁၉ သမၼာအာဇီဝဆုကို ဘရာဇီးဌာေန တိုင္းရင္းသား အႀကီးအကဲ၊ တ႐ုတ္အမ်ိဳးသမီး အခြင့္အေရးေရွ႕ေန၊ အေနာက္ဆာဟာရ လူ႔အခြင့္အေရး လႈပ္ရွားသူတို႔နဲ႔အတူ ရရွိၿပီး သူတို႔ေလးေယာက္ဟာ ဆုေၾကးေငြ ဆြီဒင္ ခ႐ိုနာေငြ တသန္းစီ ရရွိမွာျဖစ္ပါတယ္။
2 years Ago