ဆွမ်းချက်ရပ်ကွက်

April 2, 2021

စစ်ကိုင်းမြို့ ဆွမ်းချက်ရပ်ကွက်တွင် အကြမ်းဖက်စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးကျဆုံး

စစ်ကိုင်းမြို့ ဆွမ်းချက်ရပ်ကွက်မှာ  ဧပြီ ၁ ရက်နေ့‌ည ၁၀ နာရီလောက်က အကြမ်းဖက်စစ်တပ်နဲ့ရဲက ကင်းသမားတွေကို ရွာထဲအထိ သေနတ်တွေနဲ့ဝင်ပစ်တာကြောင့် ၁ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ကျနော်တို့ရွာက လူတွေကလည်း အလောင်းကိုချက်ခြင်းရအောင်ယူခဲ့တယ်၊ သူတို့ဆီအပါမခံဘူး။ ဒီမနက် သင်္ဂြိုဟ်ပါတယ်၊ ကျဆုံးခဲ့တဲ့ ကိုအေးချမ်းက ကင်းသမားတွေကို ပစ်ချင်ရင် ငါ့ကိုအရင်ပစ်ဆိုပြီး ရင်ကော့ပေးတယ်။ အဲဒါနဲ့ပစ်သတ်သွားတယ်။”    

ကျဆုံးသွားတဲ့ ကိုအေးချမ်းမှာ ဇနီးနဲ့ကလေးနှစ်ယောက် ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

2 months Ago
Up