ဆွမ်းခံ

May 9, 2020

လပွတ္တာတွင် ဆွမ်းခံရန်အခက်အခဲရှိနေသည့် စာသင်တိုက်အတွက် ကယ်ဆယ်ရေးအသင်း ကူညီ ဆွမ်းခံပေး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ အမှတ် ၅ ရပ်ကွက်ရှိ စာသင်တိုက်မှ သံဃာတော်တွေ COVID-19 ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း ဆွမ်းခံဖို့ အခက်အခဲဖြစ်ပေါ်နေလို့ ဒေသခံ အဖြူရောင်ဧရာဝတီ သဘာဝဘေးကယ်ဆယ်ရေးအသင်းက ဦးဆောင်ကာ ဆွမ်းခံပေးနေတယ်လို့ သိရပါတယ်။ အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ လေးထပ်ပရိယတ္တိစာသင်တိုက်မှာ လက်ရှိစာသင်နေတဲ့ သံဃာတော်အပါး ၃၀ ကျော်ရှိပြီး COVID-19 ရောဂါဖြစ်ပွားနေတဲ့ အချိန်ကာလအတွင်း အပြင်ထွက်ဆွမ်းခံရင် ရောဂါကူးစက်လာပါက ပြန့်ပွားမှာစိုးရိမ်ပြီး ဆွမ်းခံမထွက်တော့လို့ အဖြူရောင်ဧရာဝတီ သဘာဝဘေးကယ်ဆယ်ရေးအသင်းက မေလ ပထမတ်ပတ်က စတင်ကာ ဆွမ်းခံပေးနေတယ်လို့ အသင်းတာဝန်ရှိသူက DVB ကို ပြောပါတယ်။ “ဆရာတော်တွေက အပြင်ထွက် ဆွမ်းခံလို့ မတော်တဆ ရောဂါကူးစက်ရင် ကျောင်းမှာ ပြန့်ပွားမှာစိုးလို့ ဆွမ်းခံမထွက်တော့လို့ ကျနော်တို့အဖွဲ့က ဆရာတော်တွေအတွက် ဆွမ်းလိုက်ခံပေးနေတာပါ” လို့ အဖြူရောင်ဧရာဝတီ သဘာဝဘေးကယ်ဆယ်ရေးအသင်းက ကိုခင်မောင်ဝင်းက ပြောပါတယ်။ ဆွမ်းခံမထွက်နိုင်တဲ့ စာသင်ကျောင်းများအတွက် မနက် ၉ နာရီမှ နေ့လယ် ၁၁ နာရီအချိန်ထိ အမှတ် ၅ ရပ်ကွက်အတွင်း လှည့်လည်ကာ ဆွမ်းအလှူခံပေးနေတာဖြစ်ပြီး အသင်းလူ အင်အားနည်းတာကြောင့် ဆွမ်းခံမထွက်နိုင်တဲ့ အခြားစာသင်တိုက်တွေအတွက် ဆွမ်းအလှူခံမပေးနိုင်တာကိုတော့ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။ လပွတ္တာမြို့မှာ စာသင်တိုက် ၅ ခုရှိပြီး အဆိုပါ စာသင်တိုက်တွေ စာသင်သံဃာတော် ၁၅၀ အပါး ကျော်ရှိကာ COVID-19 ဖြစ်ပွားနေတဲ့ အချိန်ကာလမှာ စာသင်သံဃာတော်တွေက ရောဂါပိုး ကူးစက်ခံရရင် ပြန့်ပွားမှုများမှာစိုးလို့ ဆွမ်းခံမထွက်တော့တာလို့ သိရပါတယ်။ မင်းထက်မုန်း(ပုသိမ်)
1 year Ago

March 31, 2020

ကိုရိုနာကပ်ဘေးကာလ မျက်နှာအကာအကွယ်ဖြင့် ဆွမ်းခံထွက်နေကြသည့် ထိုင်းဘုန်းကြီးများ(ဓာတ်ပုံ)

လတ်တလော ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရင်ဆိုင်နေကြရတဲ့ ကိုရိုနာ COVID-19 ဗိုင်း ရပ်စ်ကူးစက်ပျံ့ပွားမှုဟာ ကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီးနောက်မှာတော့ အားလုံးက ဒါကို အလေးထားဆောင်ရွက်မှုတွေ လုပ်ဆောင်နေကြရပါတယ်။ သက်ဆိုင်ရာ အစိုးရ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ကျန်းမာရေးသတိပေး ချက်တွေအတိုင်း တကိုယ်ရေ သန့်ရှင်းမှုအပါအဝင် လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်း အနားတွေကို တားမြစ်ထားခဲ့ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာသာသနာထွန်းကားတဲ့ ထိုင်းနိုင်ငံမှာတော့ ဘုန်းကြီးတပါး ဖြစ်တဲ့ ဖရာမဟာ ဆွန်ကီရက်ရန်ဆွတ်သိုနဲ့ နောက်လိုက်သံဃာတွေဟာ မျက်နှာကာ ဒိုင်း(Face Shield)တွေ တပ်ဆင်ကာ ဆွမ်းခံကြွချီခဲ့ကြတာကို သည်နေးရှင်းသတင်းက ဖော်ပြခဲ့ပါတယ်။ အဆိုပါ မျက်နှာကာဒိုင်း(Face Shield) ပြုလုပ်ပုံကို သူက အင်တာနက်ပေါ်မှတ ဆင့် လေ့လာသင်ယူခဲ့ပြီး ကုန်ကျစရိတ် ဘတ် ၂၀ အောက်သာ ရှိတာမို့ ကျောင်းမှ ကိုယ် တော်တွေ အားလုံးအတွက် ပြုလုပ်ပေးခဲ့တာလို့ ဆိုပါတယ်။  လတ်တလောအချိန်ထိ ကမ္ဘာတလွှား ကိုရိုနာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ၇၈၅,၈၀၇ ယောက်၊ သေဆုံးသူ ၃,၇၈၂၀ ယောက်ရှိနေပြီး ပြန်လည် နေကောင်းသက်သာလာသူ ၁၆၅,၆၅၉ ယောက်ရှိနေပြီဖြစ်တယ်လို့ Worldometers ဝက် ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာတော့ ဒီကနေ့အထိ  ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်ခံရ သူ ၁,၅၂၄ ယောက်ရှိနေပြီး  ၉ ဦးသေဆုံးခဲ့ပြီဖြစ်ပါတယ်။ ကိုးကား- The Nation Thailand
1 year Ago
Up