စပါးအသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားနိုင်ငံမှာ ၄ ပတ်ကြာ စစ်မှုထမ်းနေတယ်လို့ ကလပ်အသင်းက အတည်ပြုလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ ဥပဒေအရ နိုင်ငံသားတဦးအနေနဲ့ ၂၁ လကြာ စစ်မှုထမ်းရမှာ ဖြစ်ပေမယ့်လည်း ဆွန်ဟောင်မင်ဟာ အာရှအားကစားပြိုင်ပွဲမှာ နိုင်ငံအတွက် ရွှေတံဆိပ် ရယူပေးခဲ့တာကြောင့် ၄ ပတ်ကြာပဲ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။
ဆွန်ဟောင်မင်ဟာ ပခုံးဒဏ်ရာ ကုသခဲ့ပြီးနောက် ပြီးခဲ့တဲ့ မတ်လကတည်းက စပါးအသင်းကနေ တောင်ကိုရီးယားကို ပြန်သွားတာပါ။
စပါးအသင်းဟာ ၂၀၁၈ ခုနှစ် အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ဆွန်ဟောင်မင်ကို နိုင်ငံအသင်းဆီကို ပြန်လည်စေလွှတ်ပေးခဲ့ပါတယ်။
ဆွန်ဟောင်မင်အနေနဲ့ ၄ ပတ်အကြာ စစ်မှုထမ်းအပြီး မေလအတွင်းမှာ အသင်းနဲ့ ပြန်လည်ပူးပေါင်းမှာ ဖြစ်တယ်လို့ စပါးစ်အသင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
11 months Ago