ဆွန်ဟောင်မင်

A d v e r t i s e m e n t With Us

October 28, 2020

အသင်းဖော် ဆွန်ဟောင်မင်နှင့် ယုံကြည်မှုပိုကောင်းလာဟု ဟယ်ရီကိန်း ပြော

အသင်းဖော် ဆွန်ဟောင်မင်နဲ့ ယုံကြည်မှုတွေ ပိုကောင်းလာတယ်လို့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ပြောပါတယ်။  ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ ၂ ဦးဟာ အခုနှစ်ရာသီအစမှ အတွဲအဖက်မိနေပြီး ပရီးမီးယားလိဂ်သွင်းဂိုး စုစုပေါင်း ၂၉ ဂိုးအထိ တဦးနဲ့တဦး ပံ့ပိုးပေးနိုင်ခဲ့ကြတာပါ။  ပရီးမီးယားလိဂ်သမိုင်းမှာ ချဲလ်ဆီးက ဒရော့ဘာနဲ့ လမ်းပတ်တို့ပြီးနောက် ဒုတိယဂိုးသွင်းအများဆုံး တွဲဖက် ကစားသမားတွေအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။  ဆွန်ဟောင်မင်နဲ့ မိမိကြားမှာ အချိတ်အဆက် ပိုမိုကောင်းမွန်လာပြီး ဆက်လက် ခြေစွမ်းပြသနိုင်ဖို့ မျှော်လင့်တယ်လို့ ဟာရီကိန်းက ပြောပါတယ်။  ဒါ့အပြင် ဆွန်ဟောင်မင်အတွက် ဂိုးဖန်တီးပေးရတာကိုလည်း ယုံကြည်မှုရှိလာပြီး အကောင်းဆုံးဖန်တီးမှု မလုပ်နိုင်ခဲ့ရင်တောင် ဂိုးသွင်းနိုင်စွမ်းရှိတယ်လို့ ဟယ်ရီကိန်းက ချီးကျူးပါတယ်။  စပါးအသင်းအနေနဲ့ အခုနှစ်ရာသီမှာ ထူးခြားတဲ့ အောင်မြင်မှုတခုခု ရရှိအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း ကိန်းက သုံးသပ်ခဲ့ပါတယ်။
4 months Ago

October 24, 2020

ဆွန်ဟောင်မင်ကို စာချုပ်သစ် ချုပ်ဆိုနိုင်မည်ဟု မော်ရင်ဟို ယုံကြည်

တိုက်စစ်မှူး ဆွန်ဟောင်မင်နဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်လိမ့်မယ်လို့ စပါးနည်းပြ မော်ရင်ဟိုက ယုံကြည်နေပါတယ်။  ဆွန်ဟာ စပါးအသင်းနဲ့ ၂၀၁၈ နွေရာသီမှာ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ် အထိ သက်တမ်းရှိနေပါတယ်။ ဆွန်ဟာ လက်ရှိအချိန်မှာ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်နေသူ ဖြစ်တာကြောင့် စပါးအသင်းက သူ့ကို စာချုပ်သက်တမ်းထပ်မံတိုးမြှင့်ဖို့ ကြိုးစားလာတာပါ။ ထွက်ပေါ်လာတဲ့သတင်းတွေအရ စာချုပ်သစ်အတွက် အားလုံးပြင်ဆင်ပြီးနေပြီဖြစ်ပြီး ဆွန်ရဲ့ လက်မှတ်သာ လိုအပ်တော့တယ်လို့ သိရပါတယ်။ မော်ရင်ဟိုက လက်မှတ်ထိုးခြင်းကိစ္စကိုလည်း မကြာခင်မှာ အပြီးသတ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။  ဆွန်ရဲ့ လက်ရှိခြေစွမ်းကြောင့် ဒီတောင်ကိုရီးယားသားကို အသင်းမှာ ဆက်ထိန်းလို့ရနိုင်သမျှ ထိန်းသွားဖို့ မော်ရင်ဟိုနဲ့ စပါးအသင်းတာဝန်ရှိသူတွေက ကြံစည်နေခြင်း ဖြစ်ပါတယ်။ ဆွန်ရဲ့စာချုပ်သစ်နဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ မော်ရင်ဟိုက  “ကျနော်လည်း ချုပ်စေချင်ပါတယ်။ ဆွန်ရဲ့စာချုပ်ဟာ ၃ နှစ်ကျန်နေသေးတာကြောင့် အခု ကျနော်တို့ရဲ့ အနေအထားဟာ အရမ်းကို အလျင်လိုနေတာမျိုးတော့ မဟုတ်ပါဘူး။ ဆွန်ဟာ ဒီအသင်းမှာ ပျော်ရွှင်နေတာထက်ကို ပိုပါတယ်။ ဒါ့ကြောင့် သူဟာ သူ့အနာဂတ်ကို စပါးအသင်းမှာ မြှုပ်နှံလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်” ပြောပါတယ်။      “အသင်းမှာရှိတဲ့ လူတိုင်းက သူ့ကို သဘောကျနှစ်သက်ပြီး ဒီကစားသမားကို အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတခုအဖြစ် ခံစားနိုင်အောင် ဖန်တီးပေးထားပါတယ်။ သူဟာ စာချုပ်သစ်နဲ့ ထိုက်တန်မှုရှိပါတယ်။ အသင်းဘက်ကလည်း ဆွန်ကို မကြာခင်အချိန်မှာပဲ စာချုပ်သစ် ချုပ်ဆိုနိုင်တော့မယ်လို့ ယုံကြည်ထားပါတယ်”လို့လည်း မော်ရင်ဟိုက ဆက်လက်ပြော ဆိုပါတယ်။  ဆွန်ဟာ စပါးအသင်းကို လေဗာကူဆင်အသင်းကနေ ၂၀၁၅ မှာ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အစပိုင်းမှာ ရုန်းကန်ခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ အသင်းရဲ့ အဓိကကစားသမားတဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။  သူဟာ နောက်ဆုံး ၄ ရာသီအတွင်း စပါးအသင်းအတွက် ၇၇ ဂိုး သွင်းယူပေးခဲ့ကာ ဒီရာသီ ၈ ပွဲ ကစားပြီးချိန်မှာလည်း ၉ ဂိုး သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။
5 months Ago
More News
Up