ဆွတ်အိုဇေးလ်

February 13, 2020

အနာဂတ်ကို ရေရေရာရာ မဆုံးဖြတ်ရသေးသည့် အိုဇေးလ်

စာချုပ်သက်တမ်း ကုန်ဆုံး‌တော့မှာ ဖြစ်‌ပေမယ့် အနာဂတ်နဲ့ပတ်သက်လို့ ဘာဖြစ်မယ်ဆိုတာ မသိသေးဘူးလို့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား မဆွတ်အိုဇေးလ်က ပြောကြားလိုက်ပါတယ်။  ၂၀၂၁ ခုနှစ်မှာ လန်ဒန်ကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အိုဇေးလ်ဟာ နည်းပြသစ် မီခယ်အာတေးတားလက်အောက်‌မှာ ပုံမှန်ပွဲထွက်ခွင့် ပြန်လည်ရရှိနေပေမယ့် ကြံ့ခိုင်မှုအပိုင်းမှာ လိုအပ်ချက်တွေရှိ နေတာကြောင့် ပရိသတ်တွေကတော့ သဘောမကျဖြစ်နေတာပါ။  အိုဇေးလ်ရဲ့ပြောကြားချက်အရ သူ့အနေနဲ့ လတ်တလောမှာ အာဆင်နယ်အတွက် အရာရာ ပေးဆပ်ကစားနေပြီး အသင်းအောင်မြင်မှုရရှိဖို့ လိုလားနေကြောင်း အနာဂတ်မှာ ဘာတွေ ဆက်လုပ်မလဲ ဆိုတာကိုတော့ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှ သိလာရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
1 year Ago
Up