အောက်တိုဘာလ ၁၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ထိုင်းနိုင်ငံ ကိုယ်စားပြု မယ်စကြဝဠာအလှမယ်သရဖူကို ထိုင်း-ကနေဒါကပြား အလှမယ် အမဲန်ဒါ အော့ဘ်ဒမ်မ်က ရရှိသွားခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် အလှမယ်ဟာ ဖူးခက်ကိုယ်စားပြုအလှမယ်အနေနဲ့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ၆၉ ကြိမ်မြောက် မယ်စကြဝဠာအလှမယ်ပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြုအနေနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဘန်ကောက်မြို့၊ True Icon Hall မှာ ကျင်းပပြုလုပ်တဲ့ အခုနှစ်ရဲ့ မယ်စကြဝ ဠာအလှမယ်ပြိုင်ပွဲမှာတော့ ‘Real you, Real Universe, and Empowering Beauty’ ခေါင်းစဉ်နဲ့ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပြိုင်ပွဲရဲ့ 1st Runner Up ဆုကိုတော့ ချင်းမိုင်ကိုယ်စားပြုအလှမယ်နဲ့ 2nd Runner Up ဆုကိုတော့ ပရာချွတ်ခီရိခန်ကိုယ်စားပြုအလှမယ်တွေက ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
အလှမယ်သရဖူ Winner ဆုရရှိခဲ့တဲ့ အမဲန်ဒါ အော့ဘ်ဒမ်မ်ကိုတော့ မနှစ်က ၂၀၁၉ ခုနှစ် မယ်စကြဝဠာထိုင်းအလှမယ် ပဝင်ဆူဒါဒရိုဝင်က သရဖူဆုကို ဆောင်းပေးခဲ့တာ ဖြစ်ပါတယ်။
6 months Ago