စပိန်အသင်းခေါင်းဆောင် ရာမို့စ်ဟာ ဆွစ်ဇာလန်နဲ့ပွဲမှာ နိုင်ငံတကာပွဲအများဆုံးကစားခဲ့တဲ့ ဥရောပ ကစားသမား ဖြစ်လာတော့မှာပါ။
နိုဝင်ဘာ ၁၅ ရက်မနက်ပိုင်း ကစားမယ့် ဆွစ်ဇာလန်နဲ့ ပွဲမှာ ပါဝင်ကစားခွင့်ရမယ်ဆိုရင် ဘတ်ဖွန်ရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး ဥရောပမှာ နိုင်ငံတကာပွဲ အများဆုံးကစားသမားဖြစ်လာမှာပါ။
နောက်ခံလူ ရာမို့စ်ဟာ ၂၀၀၅ ခုနှစ်က ကစားခဲ့တဲ့ တရုတ်နဲ့ ခြေစမ်းပွဲစဉ်မှာ ပထမဆုံးအကြိမ် စပိန်အတွက် ကစားပေးခဲ့တာပါ။
အလားတူ တိုက်စစ်မှူး ရော်နယ်ဒိုဟာလည်း ဟော်လန်အသင်းနဲ့ တဂိုးစီသရေကျခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပြီး အီတလီဂိုးသမားကြီး ဘက်ဖွန် စံချိန်တင်ထားတဲ့ နိုင်ငံတကာပွဲ အများဆုံး ဥရောပ ကစားသမား စံချိန်နဲ့တူညီသွားခဲ့တာပါ။
ရော်နယ်ဒိုအနေနဲ့ နိုင်ငံတကာသွင်းဂိုး အများဆုံးအဖြစ် စံချိန်တင်ထားတဲ့ အီဂျစ်က ဟာမက်ဟက်ဆန် ရဲ့ ၁၈၄ ပွဲ ကစားတဲ့ ပွဲအရေအတွက်ကို မီဖို့ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။
2 years Ago