ဆွဲကြိုးဖြတ်ယူ

July 7, 2018

လူမှုကွန်ရက်ပေါ် ခင်မင်သည့် အမျိုးသမီးအား ဆေးခတ်၍ ဆွဲကြိုးဖြတ်ယူ

Facebook လူမှုကွန်ရက်ပေါ် ခင်မင်ရင်းနှီးခဲ့သူ အမျိုးသမီးတဦးရဲ့ အအေးခွက်အတွင်း ဆေးခတ်တိုက်ခဲ့ပြီး ဆွဲကြိုးဖြတ်ယူမှုဖြစ်ပွားခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ တိုင်းအကူရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၅ ရက်နေ့က မပေါ်ပေါက်သေးတဲ့ ခိုးမှု/လုယက်မှုတွေကို ကူညီစုံစမ်းဖော်ထုတ်ပေးဖို့ သက်သေတွေနဲ့အတူ နယ်မြေသတင်းစုံစမ်းနေစဉ် အောင်မြေသာစံမြို့နယ်၊ (၆၅×၆၀)လမ်းကြား၊ (၁၉)လမ်းမှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ ထက်အောင် (ခ) ကေမင်းခန့် (၂၃) နှစ်ကို ရပ်တန့်စစ်ဆေးခဲ့ရာမှ အခုလို အမှု ပေါ်ပေါက်ခဲ့တာပါ။ စစ်ဆေးချက်အရ ဇွန်လ ၃၀ ရက်နေ့က Facebook လူမှုကွန်ရက်ပေါ်မှာ ခင်မင်ရင်းနှီးခဲ့သူ အမျိုးသမီးတဦးနဲ့ (၁၈×၁၉) လမ်းကြား၊ (၆၆)လမ်း၊ ကျုံးဘေးရှိ အအေးဆိုင်မှာတွေ့ဆုံစဉ် အမျိုးသမီးသောက်မယ့် အအေးခွက်အတွင်း မူးဝေစေသော ဆေးခတ်ကာ တိုက်ခဲ့ပြီး အမျိုးသမီး၏ လည်ပင်းမှာ ၀တ်ဆင်ထားတဲ့ ၁၅ ပဲရည် အလေးချိန်(၁)ကျပ်(၂)ရွေးသားခန့်ရှိ ရွှေဆွဲကြိုး (၁) ကုံးအား ဖြတ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့သတင်းမှာ ဖော်ပြါတယ်။ ထက်အောင်ထံကနေ သက်သေခံပစ္စည်းတွေ သိမ်းဆည်းပြီး အမှတ်(၁)နယ်မြေရဲစခန်းက (ပ)၃၁၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၃၂၈ နဲ့ အမှုဖွင့်စစ်ဆေး နေတယ်လို့ သိရပါတယ်။
3 years Ago
Up