မန္တလေးတိုင်းဒေသကြီး၊ မလိုင်မြို့နယ်၊ ဘောက်ခွေးတောအုပ်စု၊ ကူနီရွာမှာ အောက်တိုဘာ ၈ ရက် မနက် ၈ နာရီခွဲက အမျိုးသားတဦး ဆွဲကြိုးချသေဆုံးသွားတယ် လို့ နှောကန်ရွာ ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ဖြစ်စဉ်မှာ ကူနီရွာနေ အသက် ၅၄ နှစ်ရှိ ဦးပေါခင်(ခ)ဗိုလ်ချော ဟာ တောင်သူလုပ်ငန်း လုပ်ကိုင်ရာ အဆင်မပြေတာကြောင့် ဂွေးတောက်ပင်တင်ထားတဲ့စင်မှာ လုံးပတ်လက်သန်း လောက်ရှိတဲ့ ပလတ်စတစ် အပြာနဲ့ပန်းရောင် နှစ်ပင်လိမ်ကြိုးနဲ့ ဆွဲကြိုးချသေဆုံးသွားတယ်လို့ ဆက်ပြောပါတယ်။
နှောကန်ရွာရဲစခန်းမှူး ရဲအုပ်အေးမင်းက “ပြင်ပဒဏ်ရာ တစုံတရာမတွေ့ရပါဘူး။ ဂွေးတောက်ပင်တင်ထားတဲ့ တိုင် ၄ တိုင်စိုက်စင်က အမြင့် ၈ ပေ လောက်ရှိတယ်။ လည်ပင်းမှာ ကြိုးပွန်းရာတော့ တွေ့ရတယ်၊ စစ်ဆေးဖို့ တိုက်နယ်ဆေးရုံ ပို့ထားတယ်” လို့ ပြောပါတယ်။
နှောကန်ရွာရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၇ နဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
5 years Ago