ဆွဲကြိုးချသေဆုံး

November 12, 2018

ဇီးဖြူခင်ကျေးရွာတွင် ၉ တန်း ကျောင်းသားတဦး ဆွဲကြိုးချသေဆုံး

ညောင်ပင်သာမြို့ ဇီးဖြူခင်ကျေးရွာမှာ နိုဝင်ဘာ ၁ဝ ရက်နေ့ ညပိုင်းက ၉ တန်း ကျောင်းသားတဦး ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ ညောင်ပင်သာနယ်မြေရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ည ၈ နာရီလောက်မှာ မိဘတွေက ရွာထဲက ဆွေမျိုးအိမ်သွားပြီးပြန်လာချိန်မှာ နေအိမ်အပေါ်ထပ်ရှိ သစ်သားထုတ်တန်းမှာ ဆွဲကြိုးချ သေဆုံးနေတာကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ “ကလေးက လူအေးလေးလို့ သိရတယ်။ အခြားဘာပြဿနာမှလည်း မရှိဘူးလို့ မိဘတွေက ပြောတယ်။ ဆူတာရိုက်တာလည်းမရှိဘူး။ ည ၈ နာရီမထိုးခင် စာကြည့်နေသေးတယ်။ မိဘတွေက အိမ်ရှေ့အိမ်ကို ခဏသွားတဲ့အချိန်မှာ ဖြစ်သွားတာ။ အခုတော့ သေမှုသေခင်းနဲ့ အမှုဖွင့်ပြီး ရဲလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပါတယ်” လို့ ညောင်ပင်သာနယ်မြေရဲတပ်ဖွဲ့စခန်း ရဲအုပ်တင်စိုးက ပြောပါတယ်။ ဆွဲကြိုးချသေဆုံးသူ မောင်ကျော်မင်းသူဟာ ညောင်ပင်သာ အခြေခံပညာအထက်တန်း ကျောင်းမှာ ပညာသင်ကြားနေသူတဦး ဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ညောင်ပင်သာ နယ်မြေရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင်(ကညွတ်ကွင်း)
2 years Ago

January 11, 2018

ချောက်​မြို့တွင်​ လူငယ် ​၁ ဦး ဆွဲကြိုးချသေဆုံး

ချောက်​မြို့ အမှတ်​(၁၄)ရပ်​ကွက်​၊ စစ်​ကွင်းရပ်​မှာ ဇန်န၀ါရီ ၁၀ ရက် ညနေပိုင်းက အသက်​ ၁၉ နှစ်​အရွယ်​ လူငယ်​တဦး ဆွဲကြိုးချ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ လူငယ်​ဟာ စစ်​ကွင်းရပ်​​နေ ဦး​လေး​တော်​စပ်​သူ ဦးရီနိုင်​ ​နေအိမ်​အ​ပေါ်ထပ်​အမြင့် ၆ ​ပေရှိ ဝင်​​ပေါက်​တံခါး အ​ပေါ်ထုတ်​တန်းမှာ​ ပုဆိုးကွင်း ဆွဲကြိုးချပြီး  လျှာထွက်လျက် သေဆုံးနေခဲ့တာဖြစ်ပါတယ်။ ဦးရီနိုင်ရဲ့ သတင်း​ပေး​ပို့ချက်​​ကြောင့်​ ​ချောက်​မြို့မ ရဲစခန်း ဒုစခန်းမှူး ထွန်းဦးဝင်းနဲ့အဖွဲ့ဟာ ​သေဆုံးသူ ​မောင်​​ဇေယျာဖြိုးရဲ့အ​​လောင်းကို ဓမ္မတာအတိုင်း​သေဆုံးခြင်းဟုတ်​မဟုတ်​ သိရှိနိုင်ဖို့ ​ချောက်​မြို့ပြည်​သူ​ဆေးရုံကြီးကို ပို့​ဆောင်​ခဲ့​တယ်လို့ ဒုစခန်းမှူး ရဲအုပ်​ ထွန်းဦးဝင်းက ပြောပါတယ်။ ​သေဆုံးသူရဲ့ရည်းစားမှာ တခြားတ​ယောက်​နဲ့ ချစ်​ကြိုက်​သွားလို့ အခုလို လုပ်​တာဖြစ်​နိုင်​​ကြောင်း၊ သေဆုံးသူရဲ့ လူမှုကွန်​ယက်​ စာမျက်​နှာမှာလည်း  ဒီကိစ္စနဲ့ ပတ်သက်လို့ မကြာသေးခင် ရက်ပိုင်းက​ရေးသားမှုတွေရှိခဲ့​ကြောင်း ​သေဆုံးသူရဲ့ နီးစပ်​ရာ အသိုင်းအဝိုင်းက သိရပါတယ်​။ ချောက်မြို့မရဲစခန်းက သေမှုသေခင်း အမှတ် ၁/၂၀၁၈ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ ရဲအုပ်ထွန်းဦးဝင်းက ပြောပါတယ်။
3 years Ago
More News
Up