ဆွဲကြိုးချသေဆုံး

June 9, 2018

နယ်သာလန်မိဖုရား၏ အစ်မ ဆွဲကြိုးချသေဆုံး

နယ်သာလန်မိဖုရား ကွင်းစ်မက်ဇီမာရဲ့ အစ်မဖြစ်သူကို အာဂျင်တီးနား မြို့တော်ဗျူနိုအေရိစ်မှာရှိတဲ့ သူမရဲ့တိုက်ခန်းမှာ ဆွဲကြိုးချ သေဆုံးနေတယ်လို့ The Sun သတင်းမှာ ဖော်ပြပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သူ အသက် ၃၃ နှစ်အရွယ် အင်းနက်ဇော်ရီဂွီတာဟာ အာဂျင်တီးနားနိုင်ငံ လူမှုဖွံ့ဖြိုးရေးဌာမှာ အလုပ်လုပ်နေတဲ့အရာရှိတဦးပါ။ သူဟာ စိတ်ကျရောဂါနဲ့ အခြားသောစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့် ဒီလိုအဆုံးစီရင်ခဲ့တာလို့ ယူဆရပြီး သူမရဲ့ဆွေမျိုးအသိုင်းအဝိုင်းကလည်း အခင်းဖြစ်ရာနေရာ ကို ရောက်ရှိနေပါပြီ။ နယ်သာလန် မိဖုရားကွင်းစ်မက်ဇီမာကလည်း သူမရဲ့မွေးရပ်မြေကို မကြာမီရောက်ရှိလာတော့မယ်လို့ ယူဆရပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တဲ့ အင်းနက်ဟာ ကွင်းစ်မက်ဇီမာရဲ့အငယ်ဆုံးသမီးဖြစ်သူ အသက် ၁၁ နှစ်အရွယ် မင်းသမီးလေး အရီယာနီရဲ့ ခေါင်းကိုင်မိခင်ဖြစ်ပါတယ်။ အခုချိန်မှာတော့ အခင်ဖြစ်ရာနေရာကို ဗျူနိုအေးရိစ်ရဲတပ်ဖွဲ့က ထိန်းချုပ်ထားပြီလို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ အစ်မဖြစ်သူရဲ့ နာရေးသတင်းကြောင့် ကွင်းစ်မက်ဇီမာဟာ ကြိုတင်စီစဉ်ထားတဲ့ အခမ်းအနားတွေကို တက်ရောက်နိုင်တော့မှာ မဟုတ်ဘူးလို့လည်း Hello! မဂ္ဂဇင်းက ဆိုပါတယ်။ ဒီနာရေးသတင်းမတိုင်မီ နယ်သာလန်မိဖုရားဟာ ဟော်လန်တေးဂီတပွဲတော်ကို တက်ရောက်ဖို့အပြင် ခင်ပွန်းဖြစ်သူ နယ်သာလန်ဘုရင် ကင်းဝီလီယမ် အလက်ဇန္ဒြားရဲ့ နိုင်ငံခြားခရီးစဉ်တွေကိုပါ လိုက်ပါဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ဟာ နယ်သာလန်မိဖုရားအတွက် ကံမကောင်းတဲ့ နှစ်တနှစ်ဖြစ်ပြီး မိဖုရားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပါသေးတယ်။
4 years Ago

October 28, 2017

အရက်ဖိုးမပေး၍ အမျိုးသားတဦး ဆွဲကြိုးချသေဆုံး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ ပဲကုန်းကျေးရွာ နေအိမ်တလုံးမှာ အောက်တိုဘာ ၂၇ ရက်နေ့ ညနေက အမျိုးသားတဦး ဆွဲကြိုးချသေဆုံးခဲ့ကြောင်း မြိုင်ကလေးနယ်မြေရဲစခန်းက ပြောပါတယ်။ သေဆုံးသူမှာ အသက် ၃၁ နှစ်အရွယ် စောအောင်မျိုး ဖြစ်ပြီး အသက်(၇၀) အရွယ် မိခင်ထံမှ အရက်ဖိုးတောင်းရာ မပေးလို့ ဆွဲကြိုးချ သေဆုံးခဲ့တာလို့ မြိုင်ကလေးနယ်မြေရဲစခန်းမှ ရဲအရာရှိတဦးက ပြောပါတယ်။ သတင်းအရ မြိုင်ကလေးနယ်မြေရဲစခန်းမှ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ပြီး ပေးဆပ်သူ ပရဟိတ လူမှုကယ်ဆယ်ရေးအဖွဲ့မှ အလောင်းအား ရင်ခွဲစစ်ဆေးနိုင်ဖို့ ဘားအံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ မြိုင်ကလေးနယ်မြေရဲစခန်းမှ ရဲအုပ်နိုင်ဝင်းက “သူကကွန်ပစ်တယ်။ ကွန်ပစ်ပြီး ပြန်လာတော့ သူ့အမေဆီက အရက်ဖိုးတောင်းတယ်။ အမေကလည်း မပေးဘူး၊ သူက အရက်သောက်ရင် တအားသွေးဆိုးတယ်ဆိုတော့။ သူအရက်သောက်တာလည်း ၁၅ နှစ်လောက်ရှိပြီ။ အခုမသောက်ရတဲ့အခါကျတော့ ကယောင်ချောက်ချားတွေ ဖြစ်တယ်” လို့ ပြောပါတယ်။ စစ်ဆေးချက်အရ ပြင်ပဒဏ်ရာတစုံတရာ မရှိဘဲ ၄ ပေ၊ ၇ ပေ ထုတ်တန်းပေါ်မှာ ဆွဲကြိုးချသေဆုံးခဲ့တဲ့အတွက် အလောင်းကို သေမှုသေခင်းအဖြစ် ဆက်လက်စစ်ဆေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အလားတူ အောက်တိုဘာ ၂၁ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ လှာကာကျေးရွာ တန် (၉၀၀) ဘိလပ်မြေစက်ရုံ ဓာတ်အားခွဲစက်ရုံအနီး လှာကာသုသန်အ၀င်လမ်းရှိ နေအိမ်အတွင်းမှာ အရက်ကြောင့် ကယောင်ချောက်ချားဖြစ်ပြီး အသက် ၅၂  နှစ်အရွယ် ဦးထွန်းမြင့် (ခ) ဦးအောင်မြင့်ဆိုသူလည်း ဆွဲကြိုးချသေဆုံးခဲ့ပါတယ်။ သတင်း- အာကာမင်း
4 years Ago
Up