ဆွဲဆောင်မှုရှိသည့် အလှတရား၊ အသံပါဝါအပြည့်ဖြင့် တရုတ်နိုင်ငံ၏ တေလာဆွစ်ဖ် (ရုပ်သံ)

May 23, 2017

ဆွဲဆောင်မှုရှိသည့် အလှတရား၊ အသံပါဝါအပြည့်ဖြင့် တရုတ်နိုင်ငံ၏ တေလာဆွစ်ဖ် (ရုပ်သံ)

ဟောင်ကောင်ပေါ့ပ်စတားတဦးဖြစ်တဲ့ ဂျမ်မ် (G.E.M) ဟာ နိုင်ငံတလွှားမှာ အားပေးတဲ့ ပရိသတ်တွေ သန်းနဲ့ချီရှိနေခဲ့ပြီး တရုတ်နိုင်ငံရဲ့ တေးသီငှက်မလေး နိုက်တင်ဂေးအဖြစ် နာမည်ကြီးနေခဲ့ပါတယ်။ ခုလို ကျော်ကြားခဲ့တာဟာ ဆွဲဆောင်မှုရှိတဲ့ အလှတရားအပြင် ကမ္ဘာကျော် ပေါ့ပ်စတား တေလာဆွစ်ဖ်လိုပဲ အချစ်သီချင်းတွေကို ကိုယ်တိုင်စပ်ဆိုတဲ့အတွက်ကြောင့် နှို်င်းယှဉ်ကာ တရုတ်နိုင်ငံရဲ့ တေလာဆွစ်ဖ်လို့ ချစ်စနိုး တင်စားနေကြတာပါ။ တရုတ်နိုင်ငံရဲ့ ကျော်ကြားတဲ့ တေးသံရှင်တဦးဖြစ်တဲ့ ဂျမ်မ်ကို ရှန်ဟိုင်းမြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်ရှိနေပြီ ဖြစ်ပါတယ်။ “ကျမ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဈေးကွက်ဝင်တဲ့ စတားတယောက် ဖြစ်တယ်ဆိုပြီး တကယ့်ကို မခံစားရပါဘူး။ ကျမအတွက်တော့ ဂီတဟာ တကယ့်ကို ရိုးရှင်းပါတယ်။ ကျမဘဝရဲ့ အကြောင်းတွေ၊ အတွေးအမြင်တွေကို ဂီတကတဆင့် ပြန်လည်မျှဝေခြင်းပါပဲ။ သူဟာ ဟောင်ကောင်မှာ နေထိုင်ပေမယ့် ကန်တုံဘာသာစကားနဲ့ သီချင်းဆိုရမယ့်အစား မန်ဒရင်းဘာသာနဲ့သာ များသောအားဖြင့် သီဆိုလေ့ရှိသူပါ။ တရုတ်ပြည်မကြီးမှာတော့ ဂျမ်မ်ဟာ ပရိသတ် အခိုင်အမာရရှိထားခဲ့ပြီး ဖြစ်ပါတယ်။ ခုချိန်မှာတော့ တရုတ်နိုင်ငံရဲ့ ဝင်ငွေအများဆုံး အမျိုးသမီးအဆိုတော်တယောက် ဖြစ်လာခဲ့ပြီဖြစ်တဲ့ ဂျမ်မ်က ဒါဟာ သီချင်းသက်သက်မဟုတ်ဘဲ သီချင်းစာသားတွေရဲ့ နောက်ကွယ်က သူ့ရဲ့ ကွဲပြားခြားနားတဲ့ ဘဝနေထိုင်မှုပုံစံနဲ့ အကြောင်းအရာတွေကို ပရိသတ်တွေနဲ့ မျှဝေလိုတာသာဖြစ်တယ်လို့ ပြောပါတယ်။ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ နယ်လှည့်ဂီတဖျော်ဖြေပွဲတွေကို ဆက်လက်ဖျော်ဖြေဖို့ ရှိနေတဲ့ ဂျမ်မ်ဟာ နိုင်ငံတကာထိ ရောက်အောင် ထိုးဖောက်နိုင်ပါ့မလား ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up