အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘာလင်မြို့သူ ပဲရစ်စ်ဟမ်းမ်စ်ဟာ သက်ရှိဘာဘီအ ရုပ်ကလေးတရုပ်လို ဖြစ်လာဖို့ ခွဲစိတ်ပြုပြင်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရပါတယ်။
ခုလိုခွဲစိတ်ပြုပြင်မှုတွေအတွက် ကုန်ကျငွေပေါင် ၃ သောင်းကျော် ကျခံခဲ့ရတယ်လို့ မေရာ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ပထမဆုံးခွဲစိတ်မှုကိုတော့ သူ့အသက် ၁၇ နှစ်အရွယ်မှာ နှုတ်ခမ်းပုံစံကို ပြုပြင်ဖို့ စတင်ပြု လုပ်ခဲ့တာဖြစ်ပြီး နောက်မှာတော့ သူ့ရဲ့ ရင်သားတွေရဲ့ အရွယ်အစားတွေကို ပိုမိုကြီးမားလာစေဖို့ ပြုပြင်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဆရာဝန်တွေဟာ ပိုမိုကြီးမားတဲ့ ရင်သားတွေရရှိဖို့ တစ်ရှုးအလေးချိန်ဂရမ် ၄၀၀ ကို အ သုံးပြုခဲ့ရတာပါ။
“အဲဒီအချိန်တုန်းက တကယ့်ကို စိတ်လှုပ်ရှားခဲ့ရပါတယ်။ ဒါပေမယ့် ဒီလိုလုပ်တဲ့သူတိုင်း ကြုံရမှာပဲလေ။ ၂ ပတ်အကြာ ပတ်တီးဖြေချိန်မှာတော့ ကျမထင်တယ် ရင်သားတွေဟာ သေးနေ တုန်းပဲ။”
အသက် ၂၀ အရွယ်မှာတော့ ပဲရစ်စ်ဟာ သူ့ရဲ့ နှာခေါင်းကို ဘာဘီအရုပ်မလို ဖြောင့် တန်းပြီး ချွန်လာစေဖို့ ခွဲစိတ်ခဲ့ကာ ၂ နှစ်အကြာမှာ ရင်သားတွေကို ထပ်ကြီးစေဖို့ နောက်ထပ်ခွဲ စိတ်ပြုပြင်ခဲ့ပါသေးတယ်။
အဲဒီလိုခွဲစိတ်ပြုပြင်မှုတွေလုပ်ခဲ့ပြီးပေမယ့် သူဟာ လက်ရှိမှာ နောက်ထပ်ခွဲစိတ်ပြုပြင်မှု တွေ ဆက်လက်လုပ်ဆောင်ဖို့ ရှိနေပါသေးတယ်။
ခါးကို ခုအခြေအနေထက် ပိုသေးသိမ်သထက် သေးသိမ်လာစေဖို့အတွက် နံရိုး ၂ ချောင်း ကို ခွဲထုတ်ပစ်ချင်နေတာ ဖြစ်ပါတယ်။
ဒီလိုလုပ်ဖို့ စိတ်ကူးဟာ သူ့ငယ်ဘ၀မှာ ဘာဘီရုပ်ကလေးကို အဖော်ပြုနေထိုင်ခဲ့ရတာ ကနေ စတင်ခဲ့တာလို့ ပဲရစ်စ်က ပြောပါတယ်။
သူဟာ မိဘတွေက စွန့်ပစ်ခံခဲ့ရပြီးနောက်မှာ အဖွားဖြစ်သူရဲ့ ကြည့်ရှုစောင့်ရှောက်မှုနဲ့ အ ထီးကျန်စွာ ကြီးပြင်းခဲ့ရတာပါ။
ခုလိုခွဲစိတ်ပြုပြင်မှုကုန်ကျစရိတ်ကိုတော့ ခရစ္စမတ်နဲ့ မွေးနေ့တိုင်းမှာ ရရှိခဲ့တဲ့ အဘွားဆီက မုန့်ဖိုးတွေကို စုထားခဲ့ပြီး အသုံးပြုခဲ့တာလို့ သူက ဆိုပါတယ်။
“ကျမရဲ့ မိသားစုက ကျမအဘွားပါပဲ။ သူက အဖွားအဖြစ်သာမကပါဘူး။ သူငယ်ချင်းဆိုရင် လည်းမမှားပါဘူး။”
လက်ရှိမှာတော့ တချို့လူတွေက ခုလိုခွဲစိတ်ပြုပြင်တဲ့အပေါ် ဝေဖန်မှုတွေ လုပ်ဆောင်နေ ကြပြီး သူ့ရဲ့ ကျန်းမာရေးအပေါ် စိုးရိမ်ရတယ်လို့ ပြောနေကြတာပါ။
ပဲရစ်စ်ကတော့ ဒီလိုခွဲစိတ်ပြုပြင်ပြီးနောက်မှာ အတွင်းစိတ်ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုပိုလာခဲ့ တယ်လို့ ပြောလိုက်တာပါ။
လက်ရှိမှာတော့ သူဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ မည်ကြီးနေ ခဲ့ပြီး ပရိသတ် သောင်းနဲ့ချီရှိနေခဲ့တာ ဖြစ်ပါတယ်။
5 years Ago