ဆွဲဆောင်

February 4, 2017

အလေးချိန် ၃.၈ တန်ရှိ ဟော့ပေါ့အိုးကြီးဖြင့် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်(ရုပ်သံ)

တရုတ်နိုင်ငံမှာ အလေးချိန် ၃ ဒဿမ ၈ တန်လောက်ရှိတဲ့ ဟော့ပေါ့အိုးကြီးကို ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့အတွက် သွန်းလုပ်ခဲ့ပါတယ်။ ဒီအိုးကြီးဟာ ကမ္ဘာ့အကြီးဆုံး ဟော့ပေါ့အိုးတလုံးလို့ ဆိုရမှာဖြစ်ပြီး တရုတ်နိုင်ငံ မြောက်ပိုင်း၊ ရှန်ဇီခရိုင်၊ ဒါတောင်မြို့မှာ စတင်ချက်ပြုတ်ခဲ့ပါတယ်။ ဒီအိုးကို ကြေးနီနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ပန်းပဲဆရာ ၂၃ ဦးက အချိန် ၃ လကြာပြု လုပ်ခဲ့ရတာဖြစ်တယ်လို့ စီဂျီတီအဲန်သတင်းတပုဒ်မှာ ဖေဖော်ဝါရီလ ဖော်ပြပါတယ်။ ဒါကို ပြုလုပ်ရတာဟာ နွေဦးရာသီပွဲတော်မှာ တရုတ်နိုင်ငံကို လာရောက်လည်ပတ်ကြမယ့် ခရီး သွားဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အစားအစာ ၁၂ မျိုးကို မီးသွေးမီးဖိုကြီးပေါ်မှာ ချက် ပြုတ်နေတာဖြစ်ပြီး ဒီပွဲတော်ကို လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ထိ ကျင်းပသွားမယ် လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up