ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် နိုဘယ်လ်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

December 11, 2017

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် နိုဘယ်လ်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ နိုဘယ်လ်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ ဆွီဒင်ဘုရင် ကားလ်ဂုစတပ်ဖ်က ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာ၊ စာပေနဲ့ စီးပွားရေးပညာဆိုင်ရာ နိုဘယ်လ်ဆုတွေ ချီးမြှင့်ပေးခဲ့ပါတယ်။ ၂၀၁၇ ရူပဗေဒ နိုဘယ်လ်ဆုကို အမေရိကန် သိပ္ပံပညာရှင် ၃ ဦးဖြစ်တဲ့ ရိန်နာဝိုက်စ်၊ ဘယ်ရီဘားနစ်ရှ်နဲ့ ကစ်ပ်သောန်တို့က ရရှိသွားပါတယ်။ ဓာတုဗေဒ နိုဘယ်လ်ဆုကိုတော့ ဆွစ်ဇာလန်၊ အမေရိကန်နဲ့ ဗြိတိသျှသိပ္ပံပညာရှင် ၃ ဦးတို့က ရရှိခဲ့ပါတယ်။ ဆေးပညာ နိုဘယ်လ်ဆုကို တခြား အမေရိကန် သိပ္ပံပညာရှင် ၃ ဦးဖြစ်တဲ့ ဂျက်ဖ်ရီဟော၊ မိုက်ကယ်ရော့စ်ဘတ်ရှ်နဲ့ မိုက်ကယ်ယန်းတို့က ဆွတ်ခူးခဲ့ပါတယ်။ စာပေနိုဘယ်လ်ဆုကို ဗြိတိသျှစာရေးဆရာ ကာဇူအိုအီရှီဂူရိုက ရရှိသွားခဲ့ပါတယ်။ စီးပွားရေးပညာ နိုဘယ်လ်ဆုကို အမေရိကန်ပညာရှင် ရစ်ချက်သယ်လာက ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီ နိုဘယ်လ်ဆုတွေကို သိပ္ပံပညာရှင် အဲဖရက်နိုဘယ်လ် ကွယ်လွန်ခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ နှစ်စဉ်နှစ်တိုင်း ချီးမြှင့်တာဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up