ဆွီဒင်နိုင်ငံ

A d v e r t i s e m e n t With Us

June 8, 2019

ဆွီဒင်နိုင်ငံတွင် ပေါက်ကွဲမှုဖြစ်၊ ၂၅ ဦး ဒဏ်ရာရ

ဆွီဒင်နိုင်ငံတောင်ပိုင်း  လင်ရှားပင်မြို့မှာ ဇွန် ၇ ရက်နေ့က အားပြင်းတဲ့ ပေါက်ကွဲမှုကြောင့် လူ ၂၅ ယောက် ဒဏ်ရာရပြီး အဆောက်အဦတွေ ပျက်စီးခဲ့ပါတယ်။ ပေါက်ကွဲရတဲ့အကြောင်းရင်းကို ကွဲကွဲပြားပြားမသိရပေမယ့် ဗုံးရှင်းအဖွဲ့ဟာ အခင်းဖြစ်နေရာကို သွားပြီး စုံစမ်းရေးစတင်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပေါက်ကွဲမှုအရှိန်ကြောင့် ၅ ထပ်အဆောက်အဦ ပြတင်းမှန်တွေနဲ့ တခြားအနီးဝန်းကျင် အဆောက်အဦတွေ ပျက်စီးခဲ့တယ်လို့ ဆွီဒင်အများပြည်သူရေဒီယိုက အစီရင်ခံပါတယ်။ ဒေသခံတဦးက ပေါက်ကွဲသံကြောင့် နေအိမ်က ပြေးထွက်ခဲ့ပြီး အိမ်နီးချင်းတွေရဲ့ မှန်ပြတင်းတွေ ကွဲကုန်တာကို မြင်တွေ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ရဲကားတွေနဲ့ မီးသတ်ကားတွေရောက်လာပြီး အနီးဝန်းကျင်နေထိုင်သူတွေကို ပေါက်ကွဲမှုဖြစ်ရာနေရာမှာ မနေကြဖို့ မေတ္တာရပ်ခံခဲ့တယ်ဆိုပြီး သူက ပြောခဲ့ပါတယ်။
2 years Ago
Up