ဆွီဒင်နောက်ခံလူကို ပေါင်

June 11, 2017

ဆွီဒင်နောက်ခံလူကို ပေါင် ၃၅ သန်းဖြင့် မန်ယူအသင်းခေါ်ယူ

မန်ချက်စတာ ယူနိုက်တက်အသင်းက ဆွီဒင် နောက်တန်းသမား ဗစ်တာ လင်ဒီလော့ဖ်ကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၂ နှစ်အရွာယ် လင်ဒီလော့ဖ်ကို ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းကနေ ခေါ်ယူတာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့နဲ့ ပတ်သက်တာတွေ လာမယ့်အပတ်ထဲမှာ အပြီးသတ်နိုင်လိမ့်မယ်လို့ ယူနိုက်တက်အသင်းက ထုတ်ပြန်ထားပါတယ်။ ဗဟိုနောက်ခံလူဟာ ဆွီဒင် လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၂ ပွဲ ကစားပေးထားပါတယ်။ သူဟာ မန်ယူအသင်းရဲ့ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ပထမဆုံး ခေါ်ယူတဲ့ ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။ လင်ဒီလော့ဖ်ဟာ ဘင်ဖီကာအသင်းကို ၂၀၁၂ မှာ ရောက်ရှိလာတာပါ။ နောက်တန်းသမားဟာ ပြီးခဲ့တဲ့ ရာသီမှာ ဘင်ဖီကာအတွက် ၄၇ ပွဲ ကစားထားပြီး ပြည်တွင်း အမှတ်ပေးလိဂ် အပါအဝင် ဖလား ၂ လုံး ရရှိထားပါတယ်။
4 years Ago
Up