ဆွီဒင်နိုင်ငံ မြောက်ပိုင်းက တက္ကသိုလ်မြို့သေးလေး အူမီယာနားမှာ ဇူလိုင် ၁၄ ရက်က လေထီးခုန် အပန်းဖြေခရီးစဉ်အတွင်း လေယာဉ်ပျက်ကျလို့ ဆွီဒင်နိုင်ငံသား ၉ ယောက် သေဆုံးပါတယ်။
လေထီးခုန်သမားတွေ စီးနင်းလိုက်ပါဖို့ ပုံစံထုတ်ထားတဲ့ လေယာဉ်ငယ်ဟာ ပျံတက်ပြီး မကြာခင် အူမေမြစ်ပေါ်က ကျွန်းပေါ်ကို ပျက်ကျခဲ့တာလို့ ရဲပြောခွင့်ရ ပီတာဂျွန်ဆွန်က ပြောပါတယ်။
သေဆုံးသူအားလုံးက ဆွီဒင်နိုင်ငံသားတွေဖြစ်ပြီး တယောက်ကတော့ နိုင်ငံနှစ်နိုင်ငံရဲ့ နိုင်ငံသားအဖြစ် ခံယူထားသူလို့ ရဲတွေက ပြောပါတယ်။
သေဆုံးသူတွေရဲ့ နာမည်တွေကိုတော့ မထုတ်ပြန်သေးသလို ပျက်ကျရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေဆီ အကြောင်းကြားပြီးပြီလို့ ဒေသတွင်း အဓိက ဆေးရုံဖြစ်တဲ့ အူမီယာတက္ကသိုလ်ဆေးရုံက အတည်ပြု ပြောဆိုပါတယ်။
2 years Ago