ဆွာရက်ဇ်၏သွင်းဂိုးဖြင့် ဘာစီလိုနာက ဗလင်စီယာကို အနိုင်ယူ

February 2, 2018

ဆွာရက်ဇ်၏သွင်းဂိုးဖြင့် ဘာစီလိုနာက ဗလင်စီယာကို အနိုင်ယူ (ရုပ်သံ)

စပိန်ဘုရင့်​ဖလား ဆီမီးဖိုင်​နယ်​ ပထမအ​ကျော့ပွဲစဉ်​မှာ ဘာစီလိုနာအသင်းက အိမ်​ကွင်းမှာ ဗလင်​စီယာကို တိုက်​စစ်​မှူး လူးဝစ်​ဆွာရက်​ဇ်​ရဲ့ သွင်းဂိုးတဂိုးတည်းနဲ့ အနိုင်​ရရှိခဲ့ပါတယ်​။ ဒီပွဲစဉ်​မှာ ဘာစီလိုနာအသင်းဟာ ကစားကွက်​အသာ၊ ဂိုးကန်​သွင်းခွင့်​အသာနဲ့ ကစားနိုင်​ခဲ့ပမယ့်​လည်း ဗလင်​စီယာအသင်းရဲ့ ခံစစ်​​ကြောင်းကို ​ကျော်​နိုင်​ခြင်းမရှိတာ​ကြောင့်​ တဂိုးတည်းနဲ့သာ ကပ်​ပြီးအနိုင်​ရခဲ့တာပါ။ မက်​ဆီ၊ ဆွာရက်​ဇ်​၊ ဘက်​စကွက်​၊ အင်​နီ​ယေစတာတို့နဲ့ ပွဲထွက်​ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ​ဘောလုံးပိုင်​ဆိုင်​မှု ၇၄ ရာခိုင်​နှုန်းထိ ယူနိုင်ခဲ့သလို ဂိုး​ပေါက်​ကန်​သွင်းမှု ၁၁ ကြိမ်​ထိ ရှိခဲ့ပါတယ်​။ ဘာစီလိုနာအသင်းအတွက်​ တလုံးတည်း​သော အနိုင်​ဂိုးကို တိုက်​စစ်​မှူး ဆွာရက်​ဇ်​က ၆၇ မိနစ်​မှာ သွင်းယူ​ပေးခဲ့တာပါ။ ဒုတိယအ​ကျော့မှာ​တော့ ဗလင်​စီယာအသင်းရဲ့ အိမ်​ကွင်းမှာ သွား​ရောက်​ကစားရမှာဖြစ်​သလို တဖက်​မှာလည်း ဆီဗီလာအသင်းနဲ့ လီဂါနက်​စ်​အသင်းတို့ဟာ ပထမအ​ကျော့ တဖက်​တဂိုးစီ သ​ရေရလဒ်​သာ စွမ်း​​ဆောင်​ထားနိုင်​တာ​ကြောင့်​ ဒုတိယအ​ကျော့ ပြီးဆုံးမှသာ ဗိုလ်​လုပွဲတက်​​ရောက်​နိုင်​မယ့်​အသင်း​တွေ ​ပေါ်ထွက်​လာမှာပဲ ဖြစ်​ပါတယ်​။
3 years Ago
Up