ပရီးမီးယားလိဂ်ကလပ် ဆွမ်ဆီးအသင်းက အမေရိကန်နိုင်ငံသား မန်နေဂျာ ဘော့ဘရက်ဒလေကို ထုတ်ပယ်လိုက်ပါတယ်။
နည်းပြသက်တမ်း ၈၅ ရက်အကြာမှာ ဆွမ်ဆီးက နည်းပြ ဘရက်ဒလေနဲ့ လမ်းခွဲလိုက်တာပါ။
ဆွမ်ဆီးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်က အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ နည်းပြ ဘရက်ဒလေ တာဝန်ယူပြီး ၁၁ ပွဲမှာ ၇ ပွဲမြောက် ရှုံးပွဲတွေ့တာပါ။
နည်းပြ ဘရက်ဒလေဟာ ပရီးမီးယားလိဂ်မှာ ပထမဆုံး တာဝန်ယူတဲ့ အမေရိကန်နည်းပြလည်း ဖြစ်ပါတယ်။
လောလောဆယ် ဆွမ်ဆီးအသင်းဟာ ၁၂ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၉ မှာ ရှိနေပါတယ်။
ဆွမ်ဆီးဟာ နည်းပြသစ် မရသေးခင်မှာတော့ အသင်းမှာရှိတဲ့ လက်ထောက်နည်းပြတွေက တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
အထုတ်ခံလိုက်ရတဲ့ နည်းပြ ဘရက်ဒလေဟာ အမေရိကန်၊ နော်ဝေနဲ့ ပြင်သစ်တို့မှာ နည်းပြအဖြစ် ကျင်လည်ခဲ့ဖူးပါတယ်။
6 years Ago