ဆွမ်ဆီးအသင်းက ဆီဂတ်ဆန်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ သတ်မှတ်

July 11, 2017

ဆွမ်ဆီးအသင်းက ဆီဂတ်ဆန်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ သတ်မှတ်

ဆွမ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမား ဆီဂတ်ဆန်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်ရှိ ဆီဂတ်ဆန်ကို ပရီးမီးယားလိဂ်ကလပ်အသင်းတွေက အလိုရှိနေကြတာပါ။ လက်စတာအသင်းက ပေါင်သန်း ၄၀ လောက်နဲ့ ဆီဂတ်ဆန်ကိုခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဆွမ်ဆီးအသင်းက ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဗာတန်အသင်းက ကွင်းလယ်ကစားသမား ရော့ဘာကလေကို ရောင်းချဖြစ်ခဲ့မယ်ဆိုရင် ဆီဂတ်ဆန်နဲ့ အစားထိုးဖို့ ပြင်ဆင်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဆီဂတ်ဆန်ဟာ ဆွမ်ဆီးအသင်းနဲ့ ၃ နှစ်စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး အသင်းမှာ လစာအများဆုံးရတဲ့ ကစားသမားဖြစ်ပါတယ်။ အိုက်စ်လန်လက်ရွေးစင် ဆီဂတ်ဆန်ဟာ ပြီးခဲ့တဲ့ရာသီက ဆွမ်ဆီးအသင်းအတွက် ဂိုးရအောင် ၁၃ ကြိမ် ဖန်တီးနိုင်ခဲ့ပြီး ၉ ဂိုး သွင်းယူခဲ့ပါတယ်။
6 years Ago
Up