ဆွမ်ဆီးနည်းပြအဖြစ် ကမ်းလှမ်းခဲ့ပေမယ့် အသင်းရဲ့ ရည်မှန်းချက်ကို နှစ်သက်ခြင်းမရှိတာကြောင့် ကိုင်တွယ်ဖို့ ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ ရွိုင်ယန်ဂစ်က ပြောပါတယ်။
ဆွမ်ဆီးအသင်းဟာ လက်ရှိနည်းပြ ဘရက်ဒလေကို နည်းပြအဖြစ် မခန့်အပ်ခင်မှာ မန်ယူ လက်ထောက်နည်းပြဟောင်း ရွိုင်ယန်ဂစ်နဲ့ ဆယ်သွယ်ခဲ့တာဖြစ်ပြီး ဂစ်က တာဝန်ယူကိုင်တွယ်ဖို့ ပယ်ချခဲ့တာ ဖြစ်ပါတယ်။
အသက် ၄၂ နှစ်ရှိ ဝေးလ်နည်းပြ ဂစ်ဟာ လူးဝစ်ဗန်ဟားလ် မန်ယူအသင်းကို ရောက်ရှိခြင်း မရှိတဲ့အချိန်က မန်ယူနည်းပြအဖြစ် ၄ ပွဲ ကိုင်တွယ်ခဲ့ပြီး ဗန်ဟားလ်ရောက်လာတဲ့အချိန်မှာ လက်ထောက်နည်းပြအဖြစ် ပြောင်းလဲတာဝန်ယူခဲ့တာပါ။
ရွိုင်ယန်ဂစ်ဟာ မန်ယူအသင်းကို မော်ရင်ဟိုရောက်လာတဲ့ အချိန်မှာတော့ အသင်းနဲ့ လမ်းခွဲခဲ့တာပါ။
လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ရွိုင်ယန်ဂစ်ဟာ အသင်းတသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ဖို့ စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။
4 years Ago