ဆွမ်ဆီးနည်းပြသစ်အဖြစ် ဘိုင်ယန်လက်ထောက်နည်းပြ ပေါလ်ကလီမန့်ကို ခန့်အပ်

January 3, 2017

ဆွမ်ဆီးနည်းပြသစ်အဖြစ် ဘိုင်ယန်လက်ထောက်နည်းပြ ပေါလ်ကလီမန့်ကို ခန့်အပ်

ဆွမ်ဆီးအသင်းဟာ လစ်လပ်နေတဲ့ နည်းပြချုပ်ရာထူးအတွက် ဘိုင်ယန်မြူးနစ် လက်ထောက်နည်းပြ ပေါလ် ကလီမန့်ကို ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ အသက် ၄၄ နှစ်ရှိ အင်္ဂလန်နည်းပြ ကလီမန့်ဟာ ချဲလ်ဆီးနဲ့ ရီးယဲလ်မက်ဒရစ် အသင်းတွေမှာလည်း လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက ဒါဘီကောင်တီအသင်းကို ၈ လကြာ တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။ ကလီမန့်ဟာ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းမှာ ၃၃ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၁၄ ပွဲနိုင် ၁၂ ပွဲသရေ ၇ ပွဲရှုံးခဲ့ပြီး ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘိုင်ယန်မြူးနစ်နည်းပြ အန်ဆလော့တီ လက်အောက်မှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေတာဖြစ်ပြီး ဆွမ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာ ဖြစ်ပါတယ်။ ဆွမ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်အထက်က ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ လေးမှတ်အထိ ကွာနေပါတယ်။
5 years Ago
Up