လစ်လပ်နေတဲ့ ဆွမ်ဆီးအသင်း နည်းပြရာထူးအတွက် ရေပန်းစားတဲ့အထဲမှာ မန်ယူကစားသမားဟောင်း ရိုင်ယန်ဂစ်လည်း ပါဝင်နေပါတယ်။
ဆွမ်ဆီးဟာ ရလဒ်တွေမကောင်းလို့ အမေရိကန်နိုင်ငံသား နည်းပြ ဘရက်ဒလေကို ထုတ်ပယ်ထားပါတယ်။
ဆွမ်ဆီးအသင်းက ထုတ်ပယ်လိုက်တဲ့ နည်းပြ ဘရက်ဒလေကို မခန့်ခင်ကတည်းက ဂစ်ကို ၂ ကြိမ် အင်တာဗျူးထားပါတယ်။
ဆွမ်ဆီးနည်းပြနေရာအတွက် ရေပန်းစားတဲ့အထဲမှာ ဝေးလ်နည်းပြ ခရစ္စကိုးမန်း၊ လက်စ်တာ နည်းပြဟောင်း နီဂယ် ပီရာဆန်တို့လည်း ပါဝင်ပါတယ်။
ဂစ်ဟာ နည်းပြလုပ်သက်အနေနဲ့ မန်ယူမှာ ယာယီနည်းပြအဖြစ် တာဝန်ယူချိန်မှာ ၄ ပွဲပဲ ကိုင်တွယ်ခွင့် ရထားပါတယ်။
6 years Ago