ဆွမ်ဆီးနည်းပြချုပ်ရာထူး

January 4, 2017

ဆွမ်ဆီးနည်းပြချုပ်ရာထူးအတွက် ဘိုင်ယန်မြူးနစ် လက်ထောက်နည်းပြကို ခန့်အပ်ရန် သဘောတူ

  ဆွမ်ဆီးအသင်းဟာ လစ်လပ်နေတဲ့ နည်းပြချုပ်ရာထူးအတွက် ဘိုင်ယန်မြူးနစ် လက်ထောက်နည်းပြ စလီမန့်ကို ခန့်အပ်ဖို့ သဘောတူညီမူ ရရှိခဲ့ပါတယ်။ အသက် ၄၄ နှစ်ရှိ အင်္ဂလန်နည်းပြ စလီမန့်ဟာ ချဲလ်ဆီးနဲ့ ရီးရဲလ် မက်ဒရစ်အသင်းတွေမှာလည်း လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက ဒါဘီကောင်တီအသင်းကို ၈ လကြာ တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။ စလီမန့်ဟာ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းမှာ ၃၃ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၁၄ ပွဲနိုင် ၁၂ ပွဲသရေ ၇ ပွဲ ရှုံးခဲ့ပြီး ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘိုင်ယန်မြူးနစ်နည်းပြ ကားလို့စ် လက်အောက်မှာ လက်ထောက်နည်းပြ အဖြစ် တာဝန်ယူနေတာဖြစ်ပြီး ဆွမ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာ ဖြစ်ပါတယ်။ ဆွမ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်အထက်က ခရစ္စတယ်ပဲလေ့အသင်းနဲ့ ၄ မှတ်အကွာမှာ ရှိနေတာပါ။
5 years Ago
Up