နယူးကာဆယ်အသင်းက ဆွမ်ဆီးကွင်းလယ်လူ ရှယ်ဗီကို ပေါင် ၁၂ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။
အသက် ၂၃ နှစ်အရွယ် ရှယ်ဗီဟာ ဇန်န၀ါရီ ၁၂ ရက်နေ့က နယူးကာဆယ်အသင်းနဲ့ ဆေးစစ်မှု ခံယူပြီး အပြီးသတ် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ရှယ်ဗီဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ ဆွမ်ဆီးအသင်းနဲ့ ၄ နှစ်စာချုပ် သက်တမ်းတိုးထားတာပါ။
အင်္ဂလန် ကွင်းလယ်ကစားသမား ရှယ်ဗီဟာ ဒီနှစ် ဇန်န၀ါရီ အပြောင်းအရွှေ့မှာ နယူးကာဆယ်ကနေ ဒုတိယမြောက် ခေါ်ယူတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၁၃ ခုနှစ်မှာ ပေါင် ၅ သန်းနဲ့ လီဗာပူးကနေ ဆွမ်ဆီးကို ရောက်ရှိလာတာပါ။
ရှယ်ဗီဟာ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြနိုင်ပေမယ့်လည်း ဒီနှစ်ရာသီထဲမှာတော့ ပရိသတ်တွေ စိတ်တိုင်းကျ ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိပါဘူး။
သူဟာဟာ အင်္ဂလန်အသင်းအတွက် ၆ ပွဲ ကစားခွင့် ရထားပါတယ်။
7 years Ago