ဆွမ်ဆီးကို ၂ ဂိုးပြတ်ဖြင့်နိုင်ပြီး စပါး အမှတ်ပေးဇယား အဆင့် ၅ တက်လှမ်း

January 3, 2018

ဆွမ်ဆီးကို ၂ ဂိုးပြတ်ဖြင့်နိုင်ပြီး စပါး အမှတ်ပေးဇယား အဆင့် ၅ တက်လှမ်း (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးက ဆွမ်ဆီးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ စပါးအသင်းဟာ ဒီရာသီ ခြေစွမ်းပြပြီး ဂိုးတွေသွင်း၊ စံချိန်သစ်တွေ တင်နေတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ပွဲထွက်ကစားသမားအဖြစ် မသုံးမပြုဘဲ အရန်ခုံမှာ အနားပေးခဲ့ပြီး ဒုတိယပိုင်းမှ လူစားဝင် ကစားစေခဲ့တာပါ။ စပါးတိုက်စစ်မှာ လော်ရန်တေးကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့ပြီး ကွင်းလယ်မှာ ဆွန်ဟောင်မင်၊ အယ်လီ၊ အဲရစ်ဆင်၊ ဒိုင်ယာ၊ လာမယ်လာတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ဆွမ်ဆီးကွင်းမှာ ယှဉ်ပြိုင်ရပေမယ့်လည်း စပါးက ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းခွင့်မှာပါ အသာစီးရခဲ့ပါတယ်။ စပါးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၂ မိနစ်မှာ တိုက်စစ်မှူး လော်ရန်တေးနဲ့ ဒုတိယပိုင်းပြီးခါနီး ၈၉ မိနစ်မှာ အယ်လီတို့က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအတွက် အကောင်းဆုံးကစားသမားအဖြစ် စပါးကွင်းလယ်မှာ ခြေစွမ်းပြခဲ့တဲ့ အဲရစ်ဆင်ကို ရွေးချယ်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ စပါးအသင်းက ရမှတ် ၄၀ နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ဆွမ်ဆီးကတော့ ရမှတ် ၁၆ မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာပဲ ရှိနေပါတယ်။
4 years Ago
Up