တောင်ကိုရီးယား စစ်တပ်မှာ စစ်မှုထမ်းရမှာ ဖြစ်တဲ့အတွက် အင်္ဂလန် ပရီးမီးယားလိဂ်က ဆွမ်ဆီးကစားသမား ကီဆန်းယောင်က မန်စီးတီးနဲ့ကစားမဲ့ပွဲကို လွှဲချော်မှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံသားတွေက အသက် ၂၉ နှစ်မတိုင်မီ ၂ နှစ် မဖြစ်မနေ စစ်မှုထမ်းရမှာ ဖြစ်ပြီး မဟုတ်ရင်တော့ ပြည်ပြေးအဖြစ် သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ်မှာ ကြေးတံဆိပ် ရရှိခဲ့အပြီးမှာတော့ အသက် ၂၇ နှစ်အရွယ် ကီနဲ့ အသင်းဖော်တွေကို စစ်မှုထမ်းကာလ ၄ ပတ်အထိ လျှော့ပေးခဲ့ပါတယ်။
အိုလံပစ်ပွဲအပြီးမှာတော့ ကီက ဆဲလ်တစ်ကလပ်ကနေ ပြောင်းရွှေ့ကြေးပေါင် ၅.၅ သန်းနဲ့ ဆွမ်ဆီးကို ရောက်လာတာ ဖြစ်ပါတယ်။
ဇူလိုင်အစောပိုင်း ၂၀၁၆-၁၇ ရာသီကြိုပွဲတွေအတွက် ကီက ပြန်လာနိုင်မယ်လို့လည်း မျှော်လင့်နေပါတယ်။
5 years Ago