ဆွမ်ဆီ

February 26, 2017

ပရီးမီးယားလိဂ် ချဲလ်ဆီး ၃-၁ ဆွမ်ဆီ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အမှတ်ပေးဇယားထိပ်မှာ ပြေးနေတဲ့ ချဲလ်ဆီးက ဆွမ်ဆီကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၉ မိနစ်မှာ ဖာဘရီဂတ်စ်က သွင်းယူပါတယ်။ ဒီပွဲဟာ ကွင်းလယ်သမား ဖာဘရီဂတ်စ်ရဲ့ ပရီးမီးယားလိဂ် ပွဲပေါင်း ၃၀၀ ပြည့်တဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။ ဆွမ်ဆီအတွက် ချေပဂိုးကို လောရန်တီက ပထမပြီးကာနီးမှာ သွင်းယူပါတယ်။ ချဲလ်ဆီးကပဲ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားသွားပြီး ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ဒုတိယဂိုးကို ၇၂ မိနစ်မှာ  ပက်ဒရို၊ တတိယဂိုးကို ၈၄ မိနစ်မှာ ကော်စတာတို့က အသီးသီး သွင်းယူပါတယ်။ ဒီပွဲမှာ ကွင်းလယ်သမား ဖာဘရီဂတ်စ် ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ နိုင်ပွဲဆက်တဲ့ ချဲလ်ဆီးဟာ ၆၃ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက တပွဲလျော့ မန်စီးတီးကို ၁၁ မှတ် ဖြတ်ထားနိုင်လိုက်ပါတယ်။ ဆွမ်ဆီကတော့ ၂၄ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။
4 years Ago
Up