ဆွန်နီစစ်သွေးကြွ ခြေကုပ်ယူထားသည့် နေရာများကို တိုက်ခိုက်သည့် ဗွီဒီယိုဖိုင် ပြသ

July 24, 2017

ဆွန်နီစစ်သွေးကြွ ခြေကုပ်ယူထားသည့် နေရာများကို တိုက်ခိုက်သည့် ဗွီဒီယိုဖိုင် ပြသ

ဆွန်နီစစ်သွေးကြွ ခြေကုပ်ယူထားသည့် နေရာများကို တ... ဆီးရီးယား-လက်ဘနွန်နယ်စပ်မှာရှိတဲ့ ဆွန်နီစစ်သွေးကြွတွေ ခြေကုပ်ယူထားတဲ့ နေရာတွေကို လက်ဘနွန်အခြေစိုက် ရှီဟိုက်-ဟစ်ဇ်ဘိုလာတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နေတဲ့ ဗွီဒီယိုဖိုင်ကို ဟစ်ဇ်ဘိုလာတပ်ဖွဲ့ပိုင် မီဒီယာမှာ ဖြော်ပထားပါတယ်။ ဟစ်ဇ်ဘိုလာတပ်ဖွဲ့နဲ့ ဆီးရီးယားအစိုးရတပ်တွေ ပူးပေါင်းပြုလုပ်တဲ့ အဲဒီထိုးစစ်ဟာ နှစ်နိုင်ငံ နယ်စပ်တောင်တန်းတွေမှာ ခြေကုပ်ယူထားတဲ့ နူဆာရာ အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နူဆာရာ အကြမ်းဖက်အဖွဲ့ဟာ အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့နဲ့ မဟာမိတ်ဖြစ်ပါတယ်။ ရှီးဟိုက်အများစုနေထိုင်တဲ့ အီရန်နိုင်ငံက ထောက်ပံ့ထားတဲ့ ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဟာ လက်ဘနွန်-ဆီးရီးယား နယ်စပ်မှာရှိတဲ့ ဆွန်နီစစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဟာ လက်ရှိဖြစ်ပွားနေတဲ့ ဆီးရီးယားပြည်တွင်းစစ်မှာ သမ္မတ ဘာရှာအယ်လ် အာဆတ်ကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့တွေထဲက အဖွဲ့တခု ဖြစ်ပါတယ်။
5 years Ago
Up